မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများ အဖွဲ့ချုပ်
Myanmar Federation of Persons with Intellectual Disabilities
သင်းဖွဲ့မှတ်တမ်း နှင့် ဖွဲ့စည်းပုံစည်းမျဥ်း
Memorandum of Association & Constitution
၂၀၁၅ မြန်မာနိုင်ငံ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေပါ ပြဌာန်းချက်များအရ ၂၀၂၃ ဇွန် ၂၅ ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပသော မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများ အဖွဲ့ချုပ် ပထမအကြိမ် ညီလာခံ၏ ဆုံးဖြတ်ချက်နှင့်အညီ ပြဌာန်းသတ်မှတ်သည်။
မာတိကာ
အလုပ်အမှုဆောင် ကော်မတီဝင်များ (Executive Committee Members)
အလုပ်အမှုဆောင် ကော်မတီ၊ အခြားကော်မတီနှင့် ကော်မရှင်များ
အလုပ်အမှုဆောင် ကော်မတီ၊ အခြားကော်မတီနှင့် ကော်မရှင်က ဆောင်ရွက်နိုင်သည့် ရေးရာကိစ္စများ
အလုပ်အမှုဆောင် ကော်မတီ၏ အခွင့်အာဏာများ
အဖွဲ့ချုပ်က မဖြစ်မနေ လုပ်ဆောင်ရမည့် အရာများ
နည်းဥပဒေများနှင့် စည်းမျဉ်းဥပဒေများကို ပြောင်းလဲခြင်း
မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများ အဖွဲ့ချုပ်၏ ပိုင်ဆိုင်မှုများ
စာရင်းအင်းများနှင့် အစီရင်ခံစာများ
စာရင်းစစ်များ
မြန်မာနိုင်ငံ ဉာဏ်ရည် မသန်စွမ်းသူများ အဖွဲ့ချုပ်၏ ရုံးတည်ရာဌာန
တရားဝင် အကြောင်းကြား ဆက်သွယ်ခြင်း
အလုပ်အမှုဆောင် ကော်မတီဝင်များ
ဖွဲ့စည်းပုံစည်းမျဥ်း (Constitution)
အခန်း(၁) နှစ်ပတ်လည် ညီလာခံ ဖွဲ့စည်းပုံ
အခန်း(၂) နှစ်ပတ်လည် ညီလာခံ ကျင်းပပုံနှင့် အထွေထွေ
အခန်း(၃) ကော်မတီ ကော်မရှင်များ
အခန်း(၄) နှစ်ပတ်လည် ညီလာခံ အရာရှိများ
အခန်း(၅) နှစ်ပတ်လည် ညီလာခံ သီးခြားစည်းဝေးများ
အခန်း(၆) နှစ်ပတ်လည် ညီလာခံ ဆန္ဒမဲ သတ်မှတ်ချက်
အခန်း(၇) နှစ်ပတ်လည် ညီလာခံ အလုပ်အမှုဆောင် ကော်မတီ
အခန်း(၈) နှစ်ပတ်လည် ညီလာခံ အကျိုးဆောင်နှင့် ဘဏ္ဍာရေး ကော်မတီ
အခန်း(၉) ဘဏ္ဍာထိန်း
အခန်း(၁၀) နှစ်ပတ်လည် ညီလာခံ အစီစဉ် ရေးဆွဲရေး ကော်မတီ
အခန်း(၁၁) တရားရေး ကော်မတီ
အခန်း(၁၂) စွပ်စွဲပြစ်တင်ခြင်းနှင့် အမှုစစ်ဆေးခြင်း
အခန်း(၁၃) စုံစမ်းရေး ကော်မရှင်
အခန်း(၁၄) ထုတ်ပယ်ခွင့်အာဏာ
အခန်း(၁၅) အယူခံခြင်း
အခန်း(၁၆) နှစ်ပတ်လည် ညီလာခံ မှတ်တမ်းများ
အခန်း(၁၇) စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း
သင်းဖွဲ့စည်းမျဥ်း
(၁) အောက်ပါစကားရပ်များသည် ဖေါ်ပြပါအတိုင်း အဓိပ္ပါယ် သက်ရောက်စေရမည်။
(က) မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများ အဖွဲ့ချုပ် (အဖွဲ့ချုပ်) ဆိုသည်မှာ နှစ်ပတ်လည် ညီလာခံမှ အချိန်အခိုက်အတန့် သက်တမ်းတစ်ခုအတွက် နည်းလမ်းတကျ ရွေးချယ်ခံထားရ သော အဖွဲ့ဝင်များ၏ အစုအဖွဲ့ တစ်ခုဖြစ်သည်။
(ခ) အလုပ်အမှုဆောင် ကော်မတီ ဆိုသည်မှာ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်းနှင့် နည်းဥပဒေများအရ အဖွဲ့ချုပ်၏ အရေး အရာများကို စီမံအုပ်ချုပ်သော အဖွဲ့ဖြစ်သည်။
(ဂ) အထူးတာဝန် အပ်နှင်းခြင်း ခံရသူ သို့မဟုတ် ကိုယ်စားလှယ် ဆိုသည်မှာ သင်းဖွဲ့စည်းမျဉ်း ၂၁(င)အရ ခန့်အပ်တာဝန် ပေးထား သူဖြစ်သည်။
အလုပ်အမှုဆောင် ကော်မတီဝင်များ (Executive Committee Members)
(၂) အလုပ်အမှုဆောင် ကော်မတီဝင်များသည် အဖွဲ့ချုပ်တွင် သတ်မှတ် ထားသော အချိန်ကာလ တစ်ခုအတွက် စီမံအုပ်ချုပ်ခွင့် အပ်နှင်း ခံထားရသော လူပုဂ္ဂိုလ် အစုအဖွဲ့ဖြစ်သည်။
(၃) အဖွဲ့ချုပ်သည် အလုပ်အမှုဆောင် ကော်မတီဝင်များ၏ အမည်စာရင်း ကို ပြုစုထားရမည်။ ထိုအမည် စာရင်းတွင် ကော်မတီဝင်များက လက်မှတ်ရေးထိုးရမည့်အပြင် ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ် များပါ ထည့်သွင်းဖေါ်ပြရမည်။
(၄) ကော်မတီဝင် တစ်ဦးဦး၏ လိပ်စာပြောင်းလဲသွားလျှင် လိပ်စာအသစ် ကို အဖွဲ့ချုပ်၏ အတွင်းရေးမှူးထံ ချက်ခြင်းအကြောင်းကြားရမည်။ အတွင်းရေးမှူးသည် ထိုလိပ်စာ အသစ်ကို ကော်မတီဝင်များ၏ အမည်စာရင်းတွင် ချက်ခြင်းထည့်သွင်း ဖြန့်ဝေရမည်။ လိပ်စာအသစ် ကို အကြောင်းကြားရန် ပျက်ကွက်ပါက ပျက်ကွက်သူ ကော်မတီဝင် ၏ တာဝန်သာဖြစ်သည်။
အလုပ်အမှုဆောင် ကော်မတီ၊ အခြားကော်မတီနှင့် ကော်မရှင်များ
(၅) အဖွဲ့ချုပ်၏ သင်းဖွဲ့စည်းမျဉ်း(၂)၌ ဖေါ်ပြထားသည့်အတိုင်း ကော်မတီနှင့် ကော်မရှင်များကို လိုအပ်သလို ဖွဲ့စည်းရမည်။
(၆) ကော်မတီနှင့် ကော်မရှင် အဖွဲ့ဝင် ဦးရေကို အလုပ်အမှုဆောင် ကော်မတီက သတ်မှတ်ပေးရမည်ဖြစ်ပြီး အဖွဲ့ဝင် ဦးရေကို အခါ အားလျော်စွာ တိုးနိုင်/လျှော့နိုင်သည်။ သို့ရာတွင် မည်သည့်ကော်မတီ နှင့် ကော်မရှင်မဆို အဖွဲ့ဝင် အနည်းဆုံး(၃)ဦး ရှိရမည်။
(၇) အဖွဲ့ချုပ်၏ တရားဝင် အလုပ်အမှုဆောင် ကော်မတီ အစည်းဝေးနှင့် အထူးအစည်းဝေးများတွင် လိုအပ်သော ကော်မတီနှင့် ကော်မရှင်များ ကို ဖွဲ့စည်းနိုင်သည်။
(၈) ကော်မတီနှင့် ကော်မရှင် အဖွဲ့ဝင်များကို အဖွဲ့ချုပ်၏ အလုပ် အမှုဆောင် ကော်မတီဝင်များ သို့မဟုတ် အဖွဲ့ဝင် အဖွဲ့အစည်းများ၏ အလုပ်အမှုဆောင် ကော်မတီဝင်များကိုသာ ခန့်အပ်ရမည်။
(၉) ကော်မတီနှင့် ကော်မရှင် အဖွဲ့ဝင်ထဲမှ တစ်ဦးဦးကို ဥက္ကဌအဖြစ် ရွေးချယ်ခန့်ထားရမည်။
(၁၀) ကော်မတီနှင့် ကော်မရှင်တွင် လစ်လပ်သွားသော အဖွဲ့ဝင် နေရာ အတွက် အလုပ်အမှုဆောင် ကော်မတီ အစည်းဝေးတွင် ဖြည့်စွက် ခန့်အပ်နိုင်သည်။ ထိုသို့ခန့်အပ်ခြင်းကို အဖွဲ့ချုပ်၏ အနီးဆုံး နှစ်ပတ်လည် ညီလာခံတွင် အတည်ပြုချက် ယူရမည်။
(၁၁) ကော်မတီနှင့် ကော်မရှင် အဖွဲ့ဝင် တစ်ဦးဦး အကြောင်းတစုံတရာ ကြောင့် လစ်လပ်သွားခဲ့သည်ရှိသော် သက်ဆိုင်ရာ ကော်မတီနှင့် ကော်မရှင်က လစ်လပ်ကြောင်းကို မိမိသဘောအလျောက် ကြေငြာနိုင် သည်။ ထိုလစ်လပ် နေရာအား ပုဒ်မ(၁၀)နှင့်အညီ ဖြည့်စွက်ခန့်အပ်နိုင် သည်။
(၁၂) အဖွဲ့ချုပ်၏ ဘဏ္ဍာရေး ကော်မတီ၏ ဥက္ကဌအား ထိုကော်မတီ၏ အဖွဲ့ဝင်များထဲမှ ရွေးချယ်ခန့်ထားရမည်။
အလုပ်အမှုဆောင် ကော်မတီ၊ အခြားကော်မတီနှင့် ကော်မရှင်က ဆောင်ရွက်နိုင်သည့် ရေးရာကိစ္စများ
(၁၃) ဥက္ကဌသည် အစည်းဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်။
(၁၄) အစည်းဝေးတွင် ဥက္ကဌ မတက်ရောက်လျှင် သို့မဟုတ် ဥက္ကဌသည် ဆွေးနွေးရန် ကိစ္စရှိလျှင် ဒုဥက္ကဌသည် သဘာပတိအဖြစ် ဆောင်ရွက်ရ မည်။ ဒုဥက္ကဌသည် ဆွေးနွေးရန် ကိစ္စရှိလျှင် ကော်မတီဝင် တစ်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ရမည်။
(၁၅) ဥက္ကဌဖြစ်စေ၊ ဒုဥက္ကဌဖြစ်စေ အစည်းဝေး မတက်ရောက်လျှင် တက်ရောက်လာသူများမှ သဘာပတိ တစ်ဦးကို ရွေးချယ်ပြီး အစည်းဝေး ကျင်းပနိုင်သည်။
(၁၆) အစည်းဝေး ဖိတ်ကြားစာအား အစည်းဝေး မကျင်းပမီ (၃)ရက် ကြိုတင်ပေးပို့ ဖိတ်ကြားပြီး ဖြစ်ရမည်။
(၁၇) ကော်မတီနှင့် ကော်မရှင်တိုင်းသည် ဘဏ္ဍာရေးနှစ်တစ်နှစ် ကုန်ဆုံး တိုင်း မိမိတို့၏ ငွေစာရင်း ရှင်းတမ်းကို အစီရင်ခံ တင်ပြရမည်။
(၁၈) ကော်မတီနှင့် ကော်မရှင်၏ ဥက္ကဌသည် အစည်းဝေးကို မိမိကိုယ်တိုင် အချိန်အခါမရွေး ဖိတ်ခေါ်နိုင်သည် သို့မဟုတ် မိမိလက်မှတ် ရေးထိုး ထားသည့် ပန်ကြားစာဖြင့် အချိန်အခါမရွေး အစည်းဝေး ဖိတ်ခေါ်ရန် အတွင်းရေးမှူးအား တောင်းဆိုနိုင်သည်။ အတွင်းရေးမှူးက ပန်ကြားစာ ရလျှင် အစည်းဝေးကို ချက်ခြင်း ဖိတ်ခေါ်ပေးရမည်။
(၁၉) အစည်းဝေးတိုင်းတွင် သဘောထား ကွဲလွဲမှုများအား မဲခွဲဆုံးဖြတ် ရမည်ဖြစ်ပြီး မဲအများစု ရသည့်ဘက်ကနိုင်သည်။ မဲအရေအတွက် တူညီနေလျှင် သဘာပတိက အနိုင်မဲ ပေးခွင့်ရှိသည်။
အလုပ်အမှုဆောင် ကော်မတီ၏ အခွင့်အာဏာများ
(၂၀) အလုပ်အမှုဆောင် ကော်မတီသည် အဖွဲ့ချုပ်၏ အမှုကိစ္စ အရပ်ရပ်ကို စီမံအုပ်ချုပ်ခွင့်ရှိသည်။ အလုပ်အမှုဆောင် အစည်းဝေး ဆုံးဖြတ်ချက် များကဖြစ်စေ၊ သင်းဖွဲ့စည်းမျဉ်းကဖြစ်စေ အတိအလင်း ပေးအပ်ထား သည့် အဖွဲ့ချုပ်၏ လုပ်ပိုင်ခွင့် အာဏာအရပ်ရပ်ကို အလုပ်အမှုဆောင် ကော်မတီက ကျင့်သုံးနိုင် သည်။ သို့ရာတွင် အဖွဲ့ချုပ်၏ နှစ်ပတ်လည် ညီလာခံက အခါအားလျော်စွာ ပြဌာန်းသော သို့မဟုတ် ချမှတ်သော စည်းမျဉ်းဥပဒေများနှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။ အငြင်း ပွားဖွယ် အမှုကိစ္စများအတွက် အဖွဲ့ချုပ်၏ နှစ်ပတ်လည် ညီလာခံ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။
(၂၁) ပုဒ်မ(၂၀)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် အာဏာများကို ကန့်သတ်ရာ မဖြစ်စေပဲ အဖွဲ့ချုပ်၏ တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်စေရန် အလုပ်အမှုဆောင် ကော်မတီအား အောက်ပါတာဝန်များကို အတိအလင်း အပ်နှင်းသည့်အလျောက် အလုပ်အမှုဆောင် ကော်မတီ က ပြီးမြောက်အောင် ဆောင်ရွက်ရမည်။
(က) အဖွဲ့ချုပ်၏ အကျိုးအလို့ငှာ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို သတ်မှတ်တန်ဖိုးထက် မပို စေပဲ ဝယ်ယူခြင်း၊ လက်ခံရယူခြင်း သို့မဟုတ် လဲလှယ်ခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် အခြားနည်းဖြင့် ရယူနိုင်သည်။ သတ်မှတ် တန်ဖိုးထက်ပိုလျှင် အဖွဲ့ချုပ် နှစ်ပတ်လည် ညီလာခံ၏ ပြဌာန်း ချက်အတိုင်း ဆောင်ရွက်ရမည်။ ကြိုတင်ခွင့်ပြုချက် မရှိပါက မည်သည့်ဝယ်ယူခြင်းကိုမျှ မပြုလုပ်ရ။
(ခ) အဖွဲ့ချုပ်၏ အကျိုးအလို့ငှာ လိုအပ်သည်ဟု အလုပ်အမှုဆောင် ကော်မတီက ယူဆသော စုစုပေါင်း ငွေကျပ် ၅၀,၀၀၀,၀၀၀/- (ကျပ်သိန်းငါးရာ)ထက် မပိုသောငွေကို အခါအားလျော်စွာ ရှာဖွေ စုဆောင်းခြင်းနှင့် ချေးယူခြင်းများ ပြုလုပ်ခွင့်ရှိသည်။ ထို့ထက်ပို သော ပမာဏအတွက် အဖွဲ့ချုပ်၏ အကျိုးအတွက် လိုအပ်သော လုပ်ဆောင်မှု တစုံတရာ သို့မဟုတ် ငွေကြေးဆိုင်ရာ ဆောင်ရွက် မှု တစုံတရာတို့ကို အဖွဲ့ချုပ် ညီလာခံ၏ ပြဌာန်းချက်အရသာ လုပ်ဆောင်ခွင့်ရှိသည်။
(ဂ) အပိုဒ်(ခ)အရ အပ်နှင်းထားသော အခွင့်အာဏာအရ ရှာဖွေ စုဆောင်းထားသော သို့မဟုတ် ချေးယူထားသော ငွေကြေး အရပ်ရပ်ကို ပြန်လည်ပေးဆပ်ရန်အတွက် အဖွဲ့ချုပ်က သင့်လျော်သည်ဟု ယူဆသောနည်းလမ်း သို့မဟုတ် စည်းကမ်း ချက်များဖြင့် အာမခံပေးရန်၊ အထူးသဖြင့် အဖွဲ့ချုပ်၏ လက်ရှိနှင့် နောင်ရှိလာမည့် ပစ္စည်းများ အပေါ်တွင် တာဝန်ယူထားသော ထာဝစဉ်ဖြစ်သည့် သို့မဟုတ် တခြားနည်းဖြစ်သည့် ဒီဘင်ချာ စာချုပ်များ သို့မဟုတ် ဒီဘင်ချာ စတော့ခ်များ ထုတ်ပေးခြင်းဖြင့် ဖြစ်စေ၊ အဖွဲ့ချုပ်၏ ငွေလွှဲလက်မှတ်များ၊ ကတိစာချုပ်များ သို့ မဟုတ် အခြားကတိ ဝန်ခံချက်များ သို့မဟုတ် အာမခံ စာချုပ် များ ထုတ်ပေးခြင်းဖြင့်ဖြစ်စေ သို့မဟုတ် အဖွဲ့ချုပ် ပိုင်ဆိုင်သော ပစ္စည်းများအားလုံး သို့မဟုတ် တစိတ်တဒေသကို ပေါင်နှံခြင်း သို့ မဟုတ် တာဝန် (Deposit) တင်ခြင်း ဖြင့်ဖြစ်စေ အာမခံ ပေးရ မည်။
(ဃ) အဖွဲ့ချုပ်က ချုပ်ဆိုရန် လိုအပ်သော စာချုပ်စာတမ်း အရပ်ရပ်ကို ချုပ်ဆိုခြင်းနှင့် မှတ်ပုံတင်ရာတွင် အလုပ်အမှုဆောင် ကော်မတီ ဝင် အနည်းဆုံး နှစ်ဦးက လက်မှတ်ရေးထိုးပြီး အတွင်းရေးမှူးက ထပ်ဆင့်လက်မှတ် ရေးထိုးရမည်။
(င) အဖွဲ့ချုပ်၏ အကျိုးအလို့ငှာ သင့်လျော်ရာ ပုဂ္ဂိုလ်များအား ထိုက်သင့်သည့် အခွင့်အာဏာများ အပ်နှင်းလျက် လိုအပ်သည့် စည်းကမ်းချက်များဖြင့် ကိုယ်စားလှယ်များကို ခန့်ထားနိုင်သည်။
အဖွဲ့ချုပ်က မဖြစ်မနေ လုပ်ဆောင်ရမည့် အရာများ
(၂၂) အသစ်ရွေးကောက် တင်မြှောက်ခံရသော အလုပ်အမှုဆောင် ကော်မတီ၏ ပထမဆုံးအကြိမ် အစည်းဝေးကို အဖွဲ့ချုပ် နှစ်ပတ်လည် ညီလာခံ ကျင်းပသည့် နေရာတွင် နှစ်ပတ်လည် ညီလာခံနှင့်အတူ တချိန်တည်း ကျင်းပရမည်။
(၂၃) အလုပ်အမှုဆောင် ကော်မတီ၏ အစည်းဝေးများအား ပုံမှန် အစည်းဝေး၊ သီးခြားအစည်းဝေးနှင့် အထူးအစည်းဝေးဟူ၍ သတ်မှတ်ကျင်းပရမည်။
(၂၄) အလုပ်အမှုဆောင် ကော်မတီက မိမိတို့ သင့်လျော်သည်ဟု ယူဆချိန် တိုင်း အထူးအစည်းဝေးများ ခေါ်ယူကျင်းပနိုင်သည်။ ထို့အပြင် အလုပ် အမှုဆောင် ကော်မတီဝင် အနည်းဆုံး (၅)ဦးက စာဖြင့်လက်မှတ်ထိုး ပန်ကြားတောင်းဆိုလျှင် အထူးအစည်းဝေးကို ခေါ်ယူကျင်းပနိုင်သည်။ ထိုပန်ကြားစာတွင် အထူး စည်းဝေး ခေါ်ယူရခြင်း၏ အကြောင်းရင်းကို ဖေါ်ပြပြီး အဖွဲ့ချုပ်၏ အတွင်းရေးမှူးထံ ပေးပို့ရမည်။
(၂၅) ပန်ကြားစာကို လက်ခံရရှိလျှင် အလုပ်အမှုဆောင် ကော်မတီသည် အထူးအစည်းဝေးကို ချက်ခြင်းခေါ်ယူ ကျင်းပရမည်။ အလုပ် အမှုဆောင် ကော်မတီက ပန်ကြားစာကို လက်ခံရရှိလျက် (၁၀)ရက် အတွင်း အထူးအစည်းဝေးကို ခေါ်ယူခြင်း မပြုပဲ ပျက်ကွက်လျှင် ပန်ကြားသူများကိုယ်တိုင် အထူးအစည်းဝေးကို ခေါ်ယူကျင်းပနိုင် သည်။
(၂၆) အစည်းဝေးတစ်ရပ် ခေါ်ယူကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံး (၅)ရက် ကြိုတင်၍ အစည်းဝေး ကျင်းပမည့် နေ့ရက်၊ အချိန်၊ နေရာနှင့် တကွ စည်းဝေးမည့် ယေဘုယျ အကြောင်းအရာကို ဖေါ်ပြထားသည့် ဖိတ်ကြားစာကို အလုပ်အမှုဆောင် ကော်မတီဝင်တိုင်းထံ ပေးပို့ရ မည်။
(၂၇) ပုံမှန်အစည်းဝေး၌ ဆောင်ရွက်ရမည့် အမှုကိစ္စများမှာ…
(က) ယခင်နှစ် ဘဏ္ဍာရေး စာရင်းအင်းများကို တင်ပြလျက် လက်ခံ အတည်ပြုပေးရန်
(ခ) ကော်မတီနှင့် ကော်မရှင်က ထိုတနှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် ကော်မတီ၏ အစီရင်ခံစာကို လက်ခံစဉ်းစား အတည်ပြုပေးရန်
(ဂ) ကော်မတီ လူကြီးများ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ် စသည်တို့ကို ရွေးချယ် တင်မြှောက်ရန်
(ဃ) ဤနည်းဥပဒေအရ ဆောင်ရွက်သင့်သည့် အမှုကိစ္စများကို စဉ်းစားဆွေးနွေးရန်နှင့် ဆောင်ရွက်ရန်
(၂၈) အလုပ်အစည်းအဝေး တစ်ရပ်ကို အဖွဲ့ဝင်လူကြီး(၃)ဦး ကိုယ်တိုင် တက်ရောက်လျှင် ထိုအစည်ဝေး အထမြောက် စေရမည်။ မည်သည့် အလုပ်အစည်းအဝေးမဆို အမှုကိစ္စ စတင်ဆောင်ရွက်သည့် အချိန်၌ ထိုအစည်းဝေး အထမြောက်စေရန် လိုအပ်သည့် အရေအတွက် မပြည့်မီလျှင် မည်သည့်အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်း မပြုရ။
(၂၉) ကော်မတီနှင့် ကော်မရှင်၏ ဥက္ကဌဖြစ်စေ၊ ဒုဥက္ကဌဖြစ်စေ အစည်းဝေး တွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်။ သို့မဟုတ် ဥက္ကဌဖြစ်စေ၊ ဒုဥက္ကဌဖြစ်စေ မရှိခဲ့သော် သို့မဟုတ် အစည်းဝေး ကျင်းပရန် ချိန်းဆို ထားသည့် အချိန်ထက် (၁၅)မိနစ်အထိ ထိုပုဂ္ဂိုလ် နှစ်ဦးလုံး မတက် ရောက်ခဲ့သော် အဖွဲ့ဝင်များက မိမိတို့ထဲမှ တစ်ဦးကို သဘာပတိအဖြစ် ရွေးချယ်ပြီး အစည်းဝေး ကျင်းပရမည်။
(၃၀) အစည်းဝေး ဆုံးဖြတ်ချက်များအား ဗြောင်သို့မဟုတ် လျှို့ဝှက်ဆန္ဒမဲ ပေးသည့် စနစ်ဖြင့် ဆုံးဖြတ်ရမည်။ အစည်းဝေး တက်ရောက်လာ သူတိုင်း ဆန္ဒမဲတစ်မဲ ပေးပိုင်ခွင့် ရှိစေရမည်။ အကယ်၍ ဆန္ဒမဲ အရေ အတွက် တူညီနေလျှင် သဘာပတိ၌ အနိုင်မဲ ပေးပိုင်ခွင့်ရှိသည်။
(၃၁) အဖွဲ့ချုပ်၏ ရည်ရွယ်ချက်များကို ပြောင်းလဲရန်ဖြစ်စေ၊ တိုးချဲ့ရန် ဖြစ်စေ၊ အကျဉ်းချုပ်ရန်ဖြစ်စေ၊ အဖွဲ့ချုပ် တစ်ခုလုံးကိုသော် လည်းကောင်း၊ တစိတ်တဒေသကိုသော်လည်းကောင်း အခြားအသင်း အဖွဲ့ တစ်ခုခုနှင့် ပေါင်းစည်းရန်ဖြစ်စေ အောက်ပါအတိုင်း ပြုလုပ်နိုင် သည်။
(က) အဖွဲ့ချုပ်၏ ရည်ရွယ်ချက်များကို ပြောင်းလဲရန်သော် လည်းကောင်း၊ တိုးချဲ့ရန်သော်လည်းကောင်း၊ သို့မဟုတ် အကျဉ်း ချုပ်ရန် ကြံရွယ်ကြောင်းကိုဖြစ်စေ၊ အဖွဲ့ချုပ် တခုလုံးကို လည်းကောင်း၊ တစိတ်တဒေသကိုသော်လည်းကောင်း၊ အခြား အသင်းတစုံတခုနှင့် ပေါင်းစည်းရန် ရည်ရွယ်ကြောင်းကိုဖြစ်စေ၊ အကြောင်းချင်းရာကို လက်ရေးဖြင့် ရေးသားထားသော သို့ မဟုတ် ပုံနှိပ်ထားသော အစီရင်ခံစာဖြင့် အလုပ်အမှုဆောင် ကော်မတီ ဝင်များထံ အစီရင်ခံစာ တင်သွင်းခြင်း။
(ခ) အလုပ်အမှုဆောင် ကော်မတီက ထိုကြံရွယ်ချက်ကို စဉ်းစား ဆွေးနွေးရန်အတွက် ၎င်းတို့၏ နည်းဥပဒေများနှင့် စည်းမျဉ်း ဥပဒေများအရ အထူးအစည်းဝေးကို ကျင်းပခြင်း။
(ဂ) ထိုအစီရင်ခံစာကို အထက်က ဆိုခဲ့သည့် အစည်းဝေး မကျင်းပမီ (၁၀)ရက်ကြိုတင်၍ အလုပ်အမှုဆောင် ကော်မတီဝင် အသီးသီး ထံ ပေးအပ်ခြင်း သို့မဟုတ် စာတိုက်မှ ပေးပို့ခြင်း။
(ဃ) အလုပ်အမှုဆောင် ကော်မတီဝင် ငါးပုံသုံးပုံ (၆၀-ရာခိုင်နှုန်း)က ထိုသို့သော ကြံရွယ်ချက်ကို မဲဆန္ဒဖြင့် သဘောတူညီကြောင်း အထက်က ဆိုခဲ့သော အထူးအစည်းဝေးတွင် လူကိုယ်တိုင် ပေးအပ်ခြင်း။
(၃၂) နှစ်ပတ်လည် ညီလာခံက ခွင့်မပြုသမျှ ကာလပတ်လုံး အထက်က ဆိုခဲ့သည့် မည်သည့်ပြောင်းလဲခြင်း၊ တိုးချဲ့ခြင်း သို့မဟုတ် အကျဉ်း ချုပ်ခြင်း သို့မဟုတ် ပေါင်းစည်းခြင်းတို့ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်း မပြုရ။
နည်းဥပဒေများနှင့် စည်းမျဉ်းဥပဒေများကို ပြောင်းလဲခြင်း
(၃၃) အဖွဲ့ချုပ်၏ သင်းဖွဲ့စည်းမျဥ်း (၃၂) မှအပ အခြားသင်းဖွဲ့စည်းမျဉ်းများ ကို အလုပ်အမှုဆောင် အစည်းဝေး တစ်ရပ်ကို တက်ရောက်သူများက ချမှတ်ပြဌာန်းချက်ဖြင့် အချိန်အခါမရွေး ပြောင်းလဲနိုင်သည်။ သို့သော် လည်း နှစ်ပတ်လည် ညီလာခံ၏ ခွင့်ပြုချက်ကို ရရှိစေရမည်။
(၃၄) ညီလာခံ အထွေထွေအတွင်းရေးမှူး
(က) နှစ်ပတ်လည် ညီလာခံက အဖွဲ့ဝင်အသင်း ကိုယ်စားလှယ်များထဲ မှ တဦးဦးကို အထွေထွေ အတွင်းအရေးမှူးအဖြစ် ခန့်ထားရမည်။ ၎င်း၏တရားဝင် အမည်မှာ “မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူ များ အဖွဲ့ချုပ် နှစ်ပတ်လည် ညီလာခံ အထွေထွေ အတွင်းရေးမှူး” ဖြစ်သည်။
(ခ) အထွေထွေ အတွင်းရေးမှူးသည် ကော်မတီနှင့် ကော်မရှင်များက ဆောင်ရွက်သည့် လုပ်ဆောင်ချက်များကို မှတ်တမ်းတင် ရေးသားရမည့်အပြင် အထွေထွေ အတွင်းရေးမှူးက ဆောင်ရွက် ရန်ရှိသည့် အထက်က ဖော်ပြခဲ့သော တာဝန်ဝတ္တရားများကို ဆောင်ရွက်ရမည်။ ထို့အပြင် ဤနည်းဥပဒေများနှင့် စည်းမျဉ်း ဥပဒေများအရ သီးခြားပြဌာန်းထားသော တာဝန်ဝတ္တရားများ အပြင် အထွေထွေ အတွင်းရေးမှူး ရာထူးနှင့် အစဉ်အလာအရ စပ်ဆိုင်သော တာဝန်ဝတ္တရား များကိုလည်း ဆောင်ရွက်ရမည်။
(၃၅) ကော်မတီနှင့် ကော်မရှင်များ၏ အတွင်းရေးမှူးများသည် ကော်မတီနှင့် ကော်မရှင်တို့၏ ညွှန်ကြားချက်များကို လိုက်နာရမည်။
(၃၆) အဖွဲ့ချုပ်သည် သင်းဖွဲ့စည်းမျဥ်း ၂၁(င)အရ လိုအပ်ချက်ရှိသော နှစ်တိုင်း အဖွဲ့ချုပ်၏ ကိုယ်စားလှယ်အဖြစ် အလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးအား နှစ်စဉ်နှစ်တိုင်း ခန့်အပ်ရမည်။ သက်တမ်းမှာ (၁)နှစ်ဖြစ်သည်။
(က) ကိုယ်စားလှယ်သည် အဖွဲ့ချုပ်၏ အပိုဒ် ၂၁(င)တွင် အပ်နှင်းထား သော အုပ်ချုပ်စီမံခွင့်အရ အမှုကိစ္စများအား စီမံဆောင်ရွက်ခွင့်ရှိ သည်။ ဤသို့ဆောင်ရွက်ရာတွင် အမှုကိစ္စများအတွက် ကိုယ်စားလှယ်မှ ထုတ်ပေးသော ပြေစာသည် အဖွဲ့ချုပ်၏ တရားဝင်ပြေစာ ဖြစ်စေရမည်။ ကိုယ်စားလှယ်သည် ဆောင်ရွက်ဆဲနှင့် ပြီးစီးသွားသော အမှုကိစ္စ အားလုံးကို အဖွဲ့ချုပ် ၏ အနီးစပ်ဆုံး ကျင်းပသော အလုပ်အမှူဆောင် ကော်မတီ အစည်းအဝေးသို့ တင်ပြအစီရင်ခံရမည်။
(ခ) ကိုယ်စားလှယ်သည် အလုပ်ကိစ္စများကို စီမံဆောင်ရွက်ရာတွင် အလုပ်အမှုဆောင် ကော်မတီ၏ ညွှန်ကြားချက်များကို လိုက်နာ ရမည့်အပြင် အလုပ်အမှုဆောင် ကော်မတီကို အာမခံရမည်။ အကယ်၍ ထိုနှစ်အတွင်း အကြောင်းတစုံတရာကြောင့် ကိုယ်စားလှယ်အား ရာထူး(လုပ်ငန်းတာဝန်)မှ ထုတ်ပယ်ရန် လိုအပ်ခဲ့လျင် အလုပ်အမှုဆောင် ကော်မတီ၌ ထိုကိစ္စအတွက် ဖိတ်ခေါ်ကျင်းပသော အထူးအစည်းအဝေးတွင် တက်ရောက်လာ သူ လေးပုံသုံးပုံ (၇၅ ရာခိုင်နှုန်း) ၏ မဲဆန္ဒဖြင့် ထုတ်ပယ်နိုင်သည့် အခွင့်အာဏာ ရှိစေရမည်။ အလုပ်အမှုဆောင် ကော်မီတီ၌ ထိုသို့ သော အကြောင်းကြောင့် ဖြစ်ပေါ်လာသော လစ်လပ်သည့် နေရာ ကို ထိုအစည်းအဝေး၌ဖြစ်စေ၊ နောက်တစ်ကြိမ် ကျင်းပသော အစည်းဝေးတွင်ဖြစ်စေ ပြန်လည်ဖြည့်သွင်း ခန့်အပ်တာဝန်ပေး ပိုင်ခွင့်ရှိသည်။
(ဂ) အဖွဲ့ချုပ်၏ အမည်ဖြင့် တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံပိုင်ခွင့်ကို အဖွဲ့ချုပ်၏ ကိုယ်စားလှယ်အား အပ်နှင်းထားသည်။ ထိုသို့သော ကိစ္စအလို့ငှာ ထိုကိုယ်စားလှယ်၌ အဖွဲ့ချုပ်ကဖြစ်စေ အဖွဲ့ချုပ် အပေါ်တွင်ဖြစ်စေ။ စွဲဆိုသောအမှု သို့မဟုတ် တရားမ မှုခင်းများ စွဲဆိုခြင်း၊ ရှေ့ဆောင်ခြင်း၊ ထုချေခြင်း၊ ပြေငြိမ်းခြင်း၊ စေ့စပ် ပြေငြိမ်းခြင်း၊ ခုံသမာဓိဖြင့် ဆုံးဖြတ်ရန် တင်သွင်းခြင်း သို့မဟုတ် စွန့်လွှတ်ရန်လည်းကောင်း၊ အဆိုလွှာ အရပ်ရပ်၊ ထုချေလွှာ အရပ်ရပ်၊ အဆိုအခြေ အရပ်ရပ်၊ လျှောက်လွှာအရပ်ရပ်၊ တိုင်တန်းချက် အရပ်ရပ်နှင့် လိုအပ်သည့် စာချုပ်စာတမ်း အရပ်ရပ်တို့ကို အဖွဲ့ချုပ်၏ အမည်ဖြင့် လက်မှတ်ရေးထိုးခြင်း၊ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခြင်း၊ တင်သွင်းခြင်းအတွက် သော်လည်းကောင်း၊ အာဏာအပ်နှင်းထားသည့်အပြင် အထက် က ဖော်ပြခဲ့သည့် ကိစ္စအားလုံးအတွက်ဖြစ်စေ၊ တစိတ်တဒေသ အတွက်ဖြစ်စေ၊ ဝတ်လုံတော်ရများ၊ လွှတ်တော်ရှေ့နေကြီးများ နှင့် ရှေ့နေများကို အဖွဲ့ချုပ်ကိုယ်စား ငှားရမ်းပိုင်ခွင့်ကိုလည်း အပ်နှင်းသည်။
မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများ အဖွဲ့ချုပ်၏ ပိုင်ဆိုင်မှုများ
(၃၇) အဖွဲ့ချုပ်၏ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ အားလုံးကို အလုပ်အမှုဆောင် ကော်မတီအား အချိန် ကာလ အခိုက်အတန့် အပ်နှင်းထားရမည်။
စာရင်းအင်းများနှင့် အစီရင်ခံစာများ
(၃၈) အဖွဲ့ချုပ်က ရရှိသည့် ငွေအရပ်ရပ်၊ သုံးစွဲငွေ အရပ်ရပ်နှင့် ပတ်သက်၍ သော်လည်းကောင်း၊ ထိုသို့ရရှိခြင်းများ၊ သုံးစွဲခြင်းများ၏ အကြောင်း ရင်းဖြစ်သော ကိစ္စအရပ်ရပ်နှင့် ပတ်သက်၍သော်လည်းကောင်း၊ အဖွဲ့ချုပ် ပိုင်ဆိုင်သော ပစ္စည်းများ၊ ရရန်ရှိသည်များ၊ ကြွေးမြီတာဝန် များနှင့် ပတ်သက်၍သော်လည်းကောင်း၊ အလုပ်အမှုဆောင် ကော်မတီသည် မှန်ကန်သော စာရင်းအင်းများကို တည်ဆဲဥပဒေများ အရ ပြဌာန်းထားသော ငွေစာရင်း ထိန်းသိမ်းရေး စနစ်များအတိုင်း လိုက်နာပြုစု ထားရမည်။
(၃၉) ကော်မတီနှင့် ကော်မရှင်များက နှစ်စဉ်ပုံမှန် အစည်းဝေး အသီးသီး တွင် လွန်ခဲ့သော နှစ်အတွင်း ၎င်းတို့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်သော အစီရင်ခံစာနှင့်တကွ ရ/သုံးငွေစာရင်း (Income and Expenditure Statement) လက်ကျန်စာရင်း (Balance Sheet) များ ကို နှစ်ပတ်လည် ညီလာခံသို့ တင်ပြရမည်။
စာရင်းစစ်များ
(၄၀) အဖွဲ့ချုပ် စာရင်းစစ် (Internal Audit) ကို အလုပ်အမှုဆောင် ကော်မတီက ခန့်ရမည်။ ပြင်ပစာရင်းစစ် (External Audit) ကို နှစ်ပတ်လည် ညီလာခံက ခန့်အပ်ရမည်။ (အဖွဲ့ချုပ်သည် နိုင်ငံတော် ဘဏ္ဍာငွေများကို လက်ခံသုံးစွဲသော အခါတွင် နိုင်ငံတော် စာရင်းစစ် အဖွဲ့၏ စာရင်းစစ်ဆေးမှုကို ခံယူနိုင်ရမည်။)
(၄၁) အဖွဲ့ချုပ်၏ စာရင်းများကို စာရင်းစစ်တစ်ဦး သို့မဟုတ် စာရင်းစစ်များ က နှစ်စဉ်အနည်းဆုံးတစ်ကြိမ် စစ်ဆေးရမည်။ စစ်ဆေးပြီး ငွေစာရင်း များကို နှစ်ပတ်လည် ညီလာခံသို့ တင်သွင်းအတည်ပြုချက် ရယူရ မည်။
(၄၂) အဖွဲ့ချုပ် စာရင်းစစ်တစ်ဦး နေရာလစ်လပ်လျှင် အလုပ်အမှုဆောင် ကော်မတီက သင့်တော်သူ တစ်ဦးကို အစားထိုး ခန့်ထားရမည်။ ထိုသို့ ခန့်ထားသော အဖွဲ့ချုပ် စာရင်းစစ်သည် နောင်ကျင်းပမည့် နှစ်ပတ်လည် ညီလာခံအထိ တာဝန်ထမ်းဆောင်ရမည်။
မြန်မာနိုင်ငံ ဉာဏ်ရည် မသန်စွမ်းသူများ အဖွဲ့ချုပ်၏ ရုံးတည်ရာဌာန
(၄၃) အဖွဲ့ချုပ်၏ ရုံးစိုက်ရာ နေရာမှာ နှစ်ပတ်လည် ညီလာခံတွင် အခြား နည်းဖြင့် ပြဌာန်းသတ်မှတ်ထားခြင်း မရှိလျှင် ရန်ကုန်မြို့တွင် ဌာနချုပ် ရုံး ဖွင့်လှစ်ရမည်။ လုပ်ငန်းလိုအပ်ချက်အရ ပြည်တွင်းပြည်ပ မည်သည့်နေရာ ဒေသတွင်မဆို ရုံးခွဲများ ဖွင့်လှစ်နိုင်သည်။
တရားဝင် အကြောင်းကြား ဆက်သွယ်ခြင်း
(၄၄) အဖွဲ့ချုပ်၏ ကော်မတီနှင့် ကော်မရှင် အဖွဲ့ဝင် မည်သူကိုမဆို အကြောင်းကြားစာ တစ်စောင်ကို ၎င်းထံစာဝေစာအုပ်တွင် လက်ခံ လက်မှတ်ရေးထိုးလျက် တိုက်ရိုက်ပေးသည်ဖြစ်စေ၊ ၎င်း၏တရားဝင် နေရပ်လိပ်စာ ရေးထားသော စာအိတ်တွင် ထည့်သွင်း၍ စာတိုက်မှ ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ အကြောင်းကြားစာ များ ပေးပို့နိုင်သည်။ Email, Messenger, Signal, Viber, WhatsApp… စသည်တို့ဖြင့် ပေးပို့ခြင်း သည်လည်း တရားဝင် ပေးပို့သည်ဟု မှတ်ယူနိုင်သည်။
(၄၅) ထိုသို့စာတိုက်မှ ပေးပို့သည့် အကြောင်းကြားစာသည် ထိုအကြောင်း ကြားစာ ထည့်သွင်းထားသည့် စာအိတ်အား စာတိုက်က ဆောင်ရွက်မြဲ အတိုင်း ပေးအပ်သည့် အချိန်တွင် အကြောင်းကြားစာ လက်ခံပြီး ဖြစ်သည်ဟု မှတ်ယူရမည်။ ထိုသို့လက်ခံပြီးကြောင်း ထင်ရှားပြရာ တွင် အကြောင်းကြားစာပါသည့် စာအိတ်အား လိပ်စာရေးသား၍ စာတိုက်တွင်ထည့်ကြောင်း ထင်ရှားပြလျှင် တရားဝင်စေရမည်။ Email, Messenger, Signal, Viber, WhatsApp… စသည်တို့ဖြင့် ပေးပို့ထားသော စာများအတွက် Screen shot ပြနိုင်လျှင် တရားဝင် ဖြစ်သည်။
အလုပ်အမှုဆောင် ကော်မတီဝင်များ
(၄၆) အလုပ်အမှုဆောင် ကော်မတီဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဥက္ကဌ (၁)ဦး
၂။ ဒုဥက္ကဌ (၂)ဦး
၃။ အတွင်းရေးမှူး (၁)ဦး
၄။ တွဲဖက်အတွင်းရေးမှူး (၂)ဦး
၅။ ဘဏ္ဍာထိန်း (၁)ဦး
၆။ အဖွဲ့ဝင် (၈)ဦး အပါအဝင် စုစုပေါင်း (၁၅)ဦး ရှိစေရမည်။
မှတ်ချက်။ ၀တ္တရားရှိသည်ထက် ပိုမိုဆောင်ရွက်ခြင်း မပြုရန် ဤသင်းဖွဲ့မှတ်တမ်းအရ ပြဌာန်းသည်။
ဖွဲ့စည်းပုံစည်းမျဥ်း
Constitution
အခန်း (၁) နှစ်ပတ်လည် ညီလာခံ ဖွဲ့စည်းပုံ
(၁) နှစ်ပတ်လည် ညီလာခံ တက်ရောက်ခွင့် ရှိသူများမှာ…
(က) အဖွဲ့ဝင် အသင်းများမှ ထုံးတမ်းနည်းတကျ ရွေးချယ်စေလွှတ် သော ကိုယ်စားလှယ်များသည် နှစ်ပတ်လည် ညီလာခံ၏ အပိုင်း (က)တွင် တက်ရောက်ခွင့်ရှိသည်။
(ခ) အဖွဲ့ဝင် အသင်းများမှ ထုံးတမ်းနည်းတကျ ရွေးချယ်စေလွှတ် သော အရံကိုယ်စားလှယ်များနှင့် လေ့လာသူများသည် နှစ်ပတ်လည် ညီလာခံ၏ အပိုင်း(ခ)တွင် တက်ရောက်ခွင့်ရှိ သည်။
(ဂ) နှစ်ပတ်လည် ညီလာခံအား အထောက်အပံ့ပေးသော အသင်း အဖွဲ့၊ လူပုဂ္ဂိုလ်များနှင့် သတင်းရယူမည့် သူများသည် နှစ်ပတ်လည် ညီလာခံ၏ အပိုင်း(ဂ)တွင် တက်ရောက်ခွင့်ရှိ သည်။
အခန်း (၂) နှစ်ပတ်လည် ညီလာခံ ကျင်းပပုံနှင့် အထွေထွေ
(၂) နှစ်ပတ်လည် ညီလာခံ ကျင်းပပုံ
(က) နှစ်ပတ်လည် ညီလာခံ
နှစ်ပတ်လည် ညီလာခံအား မေလတွင် နှစ်ပတ်လည် ညီလာခံမှသော်လည်းကောင်း၊ နှစ်ပတ်လည် ညီလာခံမှ အာဏာလွှဲအပ်ထားသော အလုပ်အမှုဆောင် ကော်မတီမှသော်လည်းကောင်း၊ သတ်မှတ်ပြဌာန်းထားသော နေရာဒေသတွင်သာ နှစ်နှစ်တစ်ကြိမ် ကျင်းပရမည်။
(ခ) အထူးညီလာခံ
ညီလာခံ အပိုင်း(က)တွင် တက်ရောက်ခွင့်ရှိသူများသာ ပါဝင်ပြီး ညီလာခံ အစီအစဉ် တစ်ခုတည်း အတွက်သာ ကျင်းပပြုလုပ်သော ညီလာခံကိုခေါ်သည်။
(၃) နှစ်ပတ်လည် ညီလာခံနှင့် သက်ဆိုင်သော အထွေထွေ ကိစ္စရပ်များ
(က) နှစ်ပတ်လည် ညီလာခံသည် ၎င်းနှင့်ထူးခြားပေါ်လွင်စွာ ဆက်သွယ်နေသော ကိစ္စအားလုံးတို့ အပေါ်တွင် တရားရေးနှင့် စပ်ဆိုင်ပြီး အခွင့်အာဏာ အပြည့်အဝ ရှိစေရမည်။ ထိုအခွင့် အာဏာများကို သုံးစွဲရာတွင် အောက်ပါလုပ်ပိုင်ခွင့်များ ရရှိစေရ မည်။
(၁) နှစ်ပတ်လည် ညီလာခံ၏ အဖွဲ့ဝင်ဖြစ်ခြင်း အဓိပ္ပါယ်ကို ရှင်းလင်းပေးရန်နှင့် အဖွဲ့ဝင်များ၏ စည်းကမ်း၊ တာဝန်နှင့် အခွင့်အရေးများကို ကန့်သတ်ပြဌာန်းပေးရန်။
(၂) နှစ်ပတ်လည် ညီလာခံ အပိုင်း(က)တွင် တက်ရောက်လာ သူများ အနက်မှ နှစ်ပတ်လည် ညီလာခံ သဘာပတိကို လျှို့ဝှက်မဲပေး စနစ်ဖြင့် ရွေးချယ်ခန့်ထားရန်။
(၃) နှစ်ပတ်လည် ညီလာခံ အပိုင်း(က)တွင် တက်ရောက်လာ သူများ အနက်မှ နှစ်ပတ်လည် ညီလာခံ အထွေထွေ အတွင်းရေးမှူး တစ်ဦးကို လျှို့ဝှက်မဲပေး စနစ်ဖြင့် ရွေးချယ်ခန့်ထားရန်။
(၄) နှစ်ပတ်လည် ညီလာခံ အပိုင်း(က)တွင် တက်ရောက်လာ သူများ အနက်မှ နှစ်ပတ်လည် ညီလာခံ ဘဏ္ဍာထိန်း တစ်ဦးကို လျှို့ဝှက်မဲပေး စနစ်ဖြင့် ရွေးချယ်ခန့်ထားရန်။
(၅) ဤစည်းမျဉ်း ဥပဒေတွင် တနည်းနည်းဖြင့် ပြဌာန်း ထားချက်များမှအပ နှစ်ပတ်လည် ညီလာခံအတွက် အငြင်းပွားမှု ဖြေရှင်းရေး စနစ်တစ်ရပ် ထားရှိရန်။
(၆) အဖွဲ့ချုပ်၏ လုပ်ငန်းများ (ဥပမာ… ပုံနှိပ်ထုတ်ဝေရေး၊ ပညာရေး၊ ကျန်းမာရေး) စသည်တို့ကို သတ်မှတ်ပြီး အကောင်အထည်ဖေါ်ရန်နှင့် ညွှန်ကြားပေးရန် ကော်မတီ နှင့် ကော်မရှင်များ ဖွဲ့စည်းပေးရန်။
(၇) အဖွဲ့ချုပ်၏ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေများ ရှာဖွေသတ်မှတ်ပေးရန်။
(၈) နှစ်ပတ်လည် ညီလာခံသည် လိုအပ်ပါက အခြားဥပဒေ များကို ဤဖွဲ့စည်းပုံ စည်းမျဉ်းဘောင်အတွင်း သတ်မှတ် ပြဌာန်းပေးရန်။
(၉) နှစ်ပတ်လည် ညီလာခံ တစ်ခုနှင့်တစ်ခုကြားတွင် ရေးရာ ကိစ္စများအား စီမံအုပ်ချုပ်နိုင်ရန်အတွက် နှစ်ပတ်လည် ညီလာခံ သဘာပတိနှင့် အဖွဲ့ဝင် (၁၄) ဦးပါဝင်သော အလုပ်အမှုဆောင် ကော်မတီကို နှစ်ပတ်လည် ညီလာခံ ကျင်းပနေချိန်အတွင်း အပိုင်း(က)တွင် တက်ရောက်လာ သူများထဲမှ မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ပေးရန်။ (ရွေးကောက်ပွဲ ကျင်းပမည့် ညီလာခံတွင်သာ ဆောင်ရွက် ရန်)
(၁၀) အလုပ်အမှုဆောင် ကော်မတီမှအပ လုပ်ငန်းကော်မတီနှင့် ကော်မရှင်များ ဖွဲ့စည်းရာတွင် နှစ်ပတ်လည် ညီလာခံ ကျင်းပနေချိန်အတွင်း အပိုင်း(က)နှင့်(ခ)တွင် တက်ရောက် လာသူများထဲမှ မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ပေးရန်။
(၁၁) ကပ်ရောဂါဘေး ကျရောက်ချိန် သို့မဟုတ် လူစုလူဝေး ပြုလုပ်ခွင့် မရှိသော အချိန်များတွင်သာ အွန်လိုင်း (Online) ဖြင့် ကျင်းပပြုလုပ်ခွင့် ရှိစေရမည်။
အခန်း(၃) ကော်မတီ ကော်မရှင်များ
(၄) နှစ်ပတ်လည် ညီလာခံ၏ ကော်မတီနှင့် ကော်မရှင်များသည် မိမိတို့ သဘောအလျောက်သော် လည်းကောင်း အခြားအဖွဲ့အစည်း တခုခု၏ သဘောအလျောက်သော်လည်းကောင်း မိမိတို့ အဖွဲ့ကို မိမိတို့ ပယ်ဖျက်ခြင်း မပြုရ။
(၅) အဖွဲ့ချုပ်၏ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရုံးတစ်ရုံးနှင့် ရုံးအဖွဲ့ ရှိစေရမည်။
(၆) ရွေးကောက်ပွဲ ပြုလုပ်မည့် ညီလာခံ မတိုင်မီ တစ်လကြိုတင်၍ ရွေးကောက်ပွဲ ကော်မရှင်အား အဖွဲ့ချုပ် အဖွဲ့ဝင် အသင်းများမှ အများ ဆုံး ကိုယ်စားလှယ် နှစ်ဦးစီဖြင့် ဖွဲ့စည်းရမည်။ သို့သော်ကော်မရှင် အဖွဲ့ ဝင် (၅)ဦးထက် မပိုစေရ။
အခန်း(၄) နှစ်ပတ်လည် ညီလာခံ အရာရှိများ
(၇) နှစ်ပတ်လည် ညီလာခံ အထွေထွေ အတွင်းရေးမှုး
နှစ်ပတ်လည် ညီလာခံတွင် အထွေထွေ အတွင်းရေးမှုးတစ်ဦး ရှိစေရ မည်။ နှစ်ပတ်လည် ညီလာခံ အထွေထွေ အတွင်းရေးမှူးသည် နှစ်ပတ်လည် ညီလာခံ၏ မှတ်တမ်းများ ပြုစုခြင်းနှင့် နှစ်ပတ်လည် ညီလာခံဆိုင်ရာ လုပ်ငန်းများအတွက် သက်သေခံလက်မှတ် ထုတ်ပေး ခြင်းနှင့် စာပေးစာယူ ကိစ္စများကို ဆောင်ရွက်ရမည်။ ရုံးအဖွဲ့သည် ညီလာခံ အထွေထွေ အတွင်းရေးမှုး၏ အုပ်ချုပ်စီမံမှုအောက်တွင် ရှိစေရမည်။
(၈) နှစ်ပတ်လည် ညီလာခံ ဘဏ္ဍာထိန်း
နှစ်ပတ်လည် ညီလာခံတွင် ဘဏ္ဍာထိန်း တစ်ဦးရှိစေရမည်။ ၎င်းအား အကျိုးဆောင်နှင့် ဘဏ္ဍာရေး ကော်မတီမှ အမည်စာရင်း တင်သွင်း သော (၃)ဦးထက် မနည်းသူများထဲမှ အပိုင်း(က)တွင် တက်ရောက်သူ များက တစ်ကြိမ်ထဲနှင့်အပြီး ဆန္ဒမဲပေး ရွေးချယ်ရမည်။ မပြီးပါက နောက်တစ်ကြိမ် ဖေါ်ပြပါအတိုင်း ဆောင်ရွက်စေရမည်။
(၉) မော်ကွန်းထိန်း (Registrar)
နှစ်ပတ်လည် ညီလာခံတွင် စာရင်းအင်းထိန်းတစ်ဦး ရှိစေရမည်။ ၎င်းအားအပိုင်း(က)တွင် တက်ရောက်သူများက ဆန္ဒမဲပေး ရွေးချယ် တင်မြှောက်ရမည်။
(၁၀) နှစ်ပတ်လည် ညီလာခံ သဘာပတိသည် နာမကျန်း၍သော် လည်းကောင်း၊ နှစ်ပတ်လည် ညီလာခံ ကျင်းပနေချိန်တွင် မရှိ၍သော် လည်းကောင်း နှစ်ပတ်လည် ညီလာခံရေးရာ ကိစ္စများကို ဆောင်ရွက် နိုင်ရန် ၎င်း၏ခွင့်ပြုချက်ဖြင့် နှစ်ပတ်လည် ညီလာခံ ဒုတိယမြောက် သဘာပတိအဖြစ် အလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးကို ရွေးချယ်ခန့်ထားရမည်။
အခန်း(၅) နှစ်ပတ်လည် ညီလာခံ သီးခြားစည်းဝေးများ
(၁၁) သီးခြားအစည်းဝေးများ
နှစ်ပတ်လည် ညီလာခံ ကျင်းပနေချိန်အတွင်း နှစ်ပတ်လည် ညီလာခံ တစ်ခုနှင့်တစ်ခု ကြားကာလတွင်း ဆောင်ရွက်စေလိုသော ကိစ္စများ အား အဆိုပြုနိုင်ရန် ဉာဏ်ရည်မသန်စွမ်းသူ အမျိုးအစားအလိုက် သီးခြားအစည်းဝေးများကို ပြုလုပ်ရမည်။ ၎င်းသီးခြား အစည်းဝေး များကို ဉာဏ်ရည်မသန်စွမ်းသူ အမျိုးအစားအလိုက် ကိုယ်စားလှယ် များမှ ဦးဆောင်ကျင်းပစေပြီး အစည်းဝေး မှတ်တမ်းကို နှစ်ပတ်လည် ညီလာခံသို့ တင်ပြပြီး တရားဝင် မှတ်တမ်းအဖြစ် နှစ်ပတ်လည် ညီလာခံ ဂျာနယ်တွင် ထည့်သွင်းဖေါ်ပြရမည်။
(၁၂) နှစ်ပတ်လည် ညီလာခံ တရားဝင် မှတ်တမ်း/ဂျာနယ်
နှစ်ပတ်လည် ညီလာခံ၏ ဆောင်ရွက်ချက်များဆိုင်ရာ မှတ်တမ်း စာအုပ်သည် နှစ်ပတ်လည် ညီလာခံ၏ တရားဝင် မှတ်တမ်းတစ်ခုဖြစ် ကြောင်း အထွေထွေ အတွင်းရေးမှူးက သက်သေခံရမည်။
အခန်း(၆) နှစ်ပတ်လည် ညီလာခံ ဆန္ဒမဲ သတ်မှတ်ချက်
(၁၃) မဲဆန္ဒ ပေးခြင်း
(က) အရေးကြီးသည့်ကိစ္စ
နှစ်ပတ်လည် ညီလာခံ သဘာပတိ၊ အထွေထွေ အတွင်းရေးမှူး၊ ဘဏ္ဍာထိန်းတို့နှင့် တရားရေး ကော်မတီ အဖွဲ့ဝင်တို့အား ရွေးကောက်ရန်နှင့် ယင်းနှင့်ပတ်သက်သော ကိစ္စများ နှစ်ပတ်လည် ညီလာခံ သဘာပတိ သို့မဟုတ် သဘာပတိ ကိုယ်စား ပြဌာန်းသည့် ကိစ္စများ ဆုံးဖြတ်ရန် အပိုင်း(က)တွင် တက်ရောက်သူများ၏ သုံးပုံနှစ်ပုံ လျှို့ဝှက်ဆန္ဒမဲအရ ဆောင်ရွက်ရမည်။
(ခ) အခြားအရေးကြီးသည့်ကိစ္စ
ကန့်သတ်ချက် နည်းဥပဒေများမှအပ နှစ်ပတ်လည် ညီလာခံ စည်းမျဉ်းဥပဒေ ပြင်ဆင်ဖြည့်စွက်ရန်နှင့် နှစ်ပတ်လည် ညီလာခံ သဘာပတိက ပြဌာန်းသည့် အချက်ကို ဆုံးဖြတ်ရန် အပိုင်း(က) တွင် တက်ရောက်သူများ၏ ၇၅% လျို့ဝှက်ဆန္ဒမဲအရ ဆောင်ရွက်ရမည်။
(ဂ) အနည်းငယ် အရေးကြီးသည့်ကိစ္စ
နှစ်ပတ်လည် ညီလာခံ အစီအစဉ်နှင့် မှတ်တမ်း၊ ကော်မတီနှင့် ကော်မရှင်များ ရွေးကောက်ခြင်းနှင့် ပတ်သက်၍ နှစ်ပတ်လည် ညီလာခံ သဘာပတိက ပြဌာန်းသည့် အချက်ကို အပိုင်း(က)နှင့် (ခ)သို့ တက်ရောက်လာသူ အများစု၏ ဆန္ဒမဲဖြင့် ဆောင်ရွက်ရ မည်။
(ဃ) နှစ်ပတ်လည် ညီလာခံတွင် ပြောဆိုပိုင်ခွင့်
နှစ်ပတ်လည် ညီလာခံ ကျင်းပနေချိန်တွင် အပိုင်း(က)နှင့်(ခ)သို့ တက်ရောက်လာသူများမှအပ နှစ်ပတ်လည် ညီလာခံတွင် ပါဝင် ဆောင်ရွက်ရမည့်သူများ အပါဝင် အခြားသူများသည် နှစ်ပတ်လည် ညီလာခံ သဘာပတိထံ ခွင့်ပန်ပြီး အပိုင်း(က)နှင့်(ခ) သို့ တက်ရောက်လာသူများက သဘောတူလျှင် ပြောဆိုနိုင်သည်။
အခန်း(၇) နှစ်ပတ်လည် ညီလာခံ အလုပ်အမှုဆောင် ကော်မတီ
(၁၄) အလုပ်အမှုဆောင် ကော်မတီကို နှစ်ပတ်လည် ညီလာခံက ရွေးကောက်ထားသော အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။
(က) နှစ်ပတ်လည် ညီလာခံ သဘာပတိသည် ရာထူးအရ အလုပ် အမှုဆောင် ကော်မတီ၏ ဥက္ကဌဖြစ်သည်။
(ခ) အလုပ်အမှုဆောင် ကော်မတီ၏ အတွင်းရေးမှုးအား အလုပ်အမှု ဆောင် ကော်မတီဝင်များထဲမှ ညီလာခံ ကျင်းပနေချိန်တွင် ပြုလုပ်သော အလုပ်အမှုဆောင် ကော်မတီ အစည်းဝေးတွင် ရွေးချယ်တင်မြှောက်ရမည်။
(ဂ) နှစ်ပတ်လည် ညီလာခံ ဘဏ္ဍာထိန်းသည် အလုပ်အမှုဆောင် ကော်မတီ၏ ဘဏ္ဍာထိန်းဖြစ်သည်။ သို့သော်လည်း ငွေကြေး ဆိုင်ရာ ကိစ္စများအတွက် ဆန္ဒမဲ မပေးစေရ။
(ဃ) အလုပ်အမှုဆောင် ကော်မတီ၏ သက်တမ်းသည် (၂)နှစ်ဖြစ် သည်။ ကော်မတီဝင်နေရာ လစ်လပ်ပါက ညီလာခံ အချိန်တွင် သာ ဖြည့်စွက်ရမည်။
(င) အလုပ်အမှုဆောင် ကော်မတီသည် သင်းဖွဲ့မှတ်တမ်းပါ နည်း ဥပဒေသများနှင့် စည်းမျဉ်းဥပဒေ များအတိုင်း အလုပ် အစည်းဝေးများကို ကျင်းပရမည်။
(စ) အလုပ်အမှုဆောင် ကော်မတီသည် သင်းဖွဲ့မှတ်တမ်းပါ MFPID ဖွဲ့စည်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များ အကောင် အထည် ဖေါ်ဆောင်ရေးအတွက် တာဝန်ခံရမည်။ အခြားကိစ္စ များ ဆောင်ရွက်ခြင်း မပြုရ။
အခန်း(၈) နှစ်ပတ်လည် ညီလာခံ အကျိုးဆောင်နှင့် ဘဏ္ဍာရေး ကော်မတီ
(၁၅) အကျိုးဆောင်နှင့် ဘဏ္ဍာရေး ကော်မတီကို နှစ်ပတ်လည် ညီလာခံ ကျင်းပနေချိန်အတွင်း အောက်ဖေါ်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။
(က) MFPID အဖွဲ့ဝင် အသင်းများမှ တစ်ဖွဲ့လျှင် နှစ်ဦးထက် မပိုစေပဲ စုစုပေါင်း (၅)ဦးဖြင့် ဖွဲ့စည်းရမည်။ အကယ်၍ လစ်လပ်နေရာ ပေါ်ပေါက်ခဲ့ပါက ကော်မတီသည် နောက်တစ်ကြိမ် နှစ်ပတ်လည် ညီလာခံအထိ ဖြည့်စွက်ခန့်ထားနိုင်သည်။ အနီး ကပ်ဆုံး ညီလာခံသည် ဆက်လက်၍ လစ်လပ်နေရာကို ဖြည့်စွက်ရမည်။
(ခ) သဘာပတိတစ်ဦး၊ ဒုတိယ သဘာပတိတစ်ဦး၊ အတွင်းရေးမှူး တစ်ဦးအား ကော်မရှင်မှ ရွေးကောက်ရမည်။ အဖွဲ့ချုပ်၏ ဘဏ္ဍာထိန်းသည် ဤကော်မတီ၏ ဘဏ္ဍာထိန်းဖြစ်သည်။ ရုံး အဖွဲ့၏ အမှုထမ်း တစ်ဦးသည် ကော်မတီ အဖွဲ့ဝင် ဖြစ်နိုင်သည် သို့သော်ဖိတ်ကြားခံရမှသာ နှစ်ပတ်လည် ညီလာခံသို့ တက်ရောက်ရမည်။ နှစ်ပတ်လည် ညီလာခံတွင် ပြောဆိုခွင့် ရှိသော်လည်း ဆန္ဒမဲ ပေးခွင့်မရှိရ။ ထိုရုံးအမှုထမ်းသည် ကော်မတီက သတ်မှတ်ထားသည့် အာမခံကြေးဖြင့် အာမခံ ထားရှိရမည်။
(ဂ) ကော်မတီနှင့် ကော်မရှင်များ၏ သဘာပတိ တစ်ဦးဦးသည် လိုအပ်သည့် တောင်းဆိုချက်ကို ဤကော်မတီသို့ တင်ပြခွင့်ရှိ သည်။ ကော်မတီသည် အဖွဲ့ချုပ်၏ အကျိုးစီးပွားအတွက် ထိန်ချန်ခြင်း မပြုဘဲ အကြောင်းစုံလင်စွာ သုံးသပ်ပြီး နှစ်ပတ်လည် ညီလာခံသို့ တင်ပြရမည်။ ကော်မတီသည် ကော်မတီနှင့် ကော်မရှင်များအတွက် လိုအပ်သော ဘတ်ဂျက် ခွဲဝေမှုများ ပြုလုပ်ပေးခြင်း သို့မဟုတ် တောင်းဆိုချက်များအား မည်သို့မည်ပုံ ဆောင်ရွက်မည်ကို ညီလာခံသို့ တင်ပြရမည်။ ကော်မတီနှင့် ကော်မရှင်များသည် ဘဏ္ဍာရေး ကော်မတီက ညွှန်ကြားထားသည့်အတိုင်း ရ/သုံးငွေ စာရင်းအား လုပ်ငန်း ပြုလုပ် ပြီးစီးချိန်မှ (၂)ပတ်အတွင်း ကော်မတီသို့ စာရင်းစစ်က စစ်ဆေးထားသော အစီရင်ခံစာနှင့်တကွ တင်ပြရမည်။
(ဃ) ဘတ်ဂျက်ခွဲဝေခြင်းနှင့် ရ/သုံးခန့်မှန်းခြေ ငွေစာရင်းအား ရေးဆွဲ ပြီး ညီလာခံသို့ တင်ပြရမည်။ ကော်မတီသည် ရ/သုံးခန့်မှန်းခြေ ငွေစာရင်း ရေးဆွဲရာတွင် အောက်ပါအချက်များ ပါဝင်စေရ မည်။
(၁) ရ/သုံးခန့်မှန်းချေ (ငွေစာရင်း ခေါင်းစဥ်နှင့် ခန့်မှန်းအသုံး စရိတ် ဖေါ်ပြလျက်)
(၂) ဘတ်ဂျက်သုံးစွဲမည့် ကာလအပိုင်းအခြား
(၃) ကော်မတီနှင့် ကော်မရှင်၏ ဆုံးဖြတ်ပိုင်ခွင့်ရှိသော ငွေ ပမာဏ
(င) ကော်မတီ၏ ဘတ်ဂျက်ခွဲဝေခြင်းနှင့် ရသုံးခန့်မှန်းခြေ ငွေစာရင်း အရ ငွေကြေးစီးဆင်းမှုအားလုံး ဘဏ္ဍာထိန်းထံ တိုက်ရိုက် ရောက်ရှိရမည်။ ကော်မတီသည် ငွေကြေးစီးဆင်းမှုဆိုင်ရာ ကိစ္စ အားလုံး (Money Transaction) ကို တာဝန်ယူ ဆောင်ရွက်ရ မည်။ ဤသို့ဆောင်ရွက်ခြင်းသည် အဖွဲ့ချုပ်ကိုယ်စား ဆောင်ရွက်ခြင်းဖြစ်သည်။
(စ) ကော်မတီသည် ရုံးအဖွဲ့ ဝန်ထမ်းရေးရာ အားလုံးကို တာဝန်ယူရ မည်။
(ဆ) အကျိုးဆောင်နှင့် ဘဏ္ဍာရေး ကော်မတီ၏ သဘောတူညီချက် မရှိဘဲ ကော်မတီနှင့် ကော်မရှင်များသည် မည်သည့်အကြောင်း ကြောင့်မှ အလှူခံခွင့် မရှိစေရ။
(၁၆) အကျိုးဆောင်နှင့် ဘဏ္ဍာရေး ကော်မတီသည် အဖွဲ့ချုပ်/နှစ်ပတ်လည် ညီလာခံ ဘဏ္ဍာထိန်းအား သင့်လျော်သော သတ်မှတ်အာမခံချက်ဖြင့် အာမခံထားရမည်။
(၁၇) အကျိုးဆောင်နှင့် ဘဏ္ဍာရေး ကော်မတီသည် နှစ်ပတ်လည် ညီလာခံ ဘဏ္ဍာထိန်း ရွေးချယ်ရေးအတွက် လျာထားသော အမည်စာရင်းအား ပြုစုပြီး နှစ်ပတ်လည် ညီလာခံသို့ တင်သွင်းရမည်။ နှစ်ပတ်လည် ညီလာခံမှ ရွေးချယ်သော ဘဏ္ဍာထိန်း၏ သက်တမ်းမှာ (၂)နှစ်ဖြစ် သည်။ သို့မဟုတ် ၎င်းနေရာ ဆက်ခံရန် သင့်လျော်သူ ရွေးချယ်ပြီးချိန် အထိ တာဝန်ယူရမည်။ (၂)နှစ်တာ ကာလအတွင်း ထိုနေရာ လစ်လပ် ပါက ကော်မတီသည် ထိုနေရာအား နှစ်ပတ်လည် ညီလာခံ မတိုင်ခင် အထိ ခန့်ထားနိုင်သည်။ အကြောင်းတစုံတရာကြောင့် ၎င်းအားရာထူး မှ ထုတ်ပယ်ရန် လိုအပ်ပါက အလုပ်အမှုဆောင် ကော်မတီ ဥက္ကဌနှင့် တိုင်ပင်ပြီး ထုတ်ပယ်နိုင်သည်။ နှစ်ပတ်လည် ညီလာခံ မတိုင်မီ (၂)ပတ် ကြိုတင်၍ စာရင်းစစ်ဆေးပြီးသား တစ်နှစ်တာ ငွေစာရင်း ရှင်းတမ်း အား ဘဏ္ဍာထိန်းထံမှ ရယူထားရမည်။
အခန်း(၉) ဘဏ္ဍာထိန်း
(၁၈) နှစ်ပတ်လည် ညီလာခံသည် ဘဏ္ဍာထိန်းအား ကော်မတီနှင့် ကော်မရှင် များ အတွက်နှင့် အခြားအဖွဲ့များအတွက် သတ်မှတ်ထားသည့် ရန်ပုံငွေ များကို အသေးစိတ် စီမံခန့်ခွဲရန် တာဝန်ပေးအပ်နိုင်သည်။ သတ်မှတ် ထားသည့် ဘတ်ဂျက်အတိုင်းသာ အသုံးပြုစေရမည်။ ငွေစာရင်း ခေါင်းစဉ် ပြောင်းသုံးခွင့် မရှိစေရ။
(၁၉) ဘဏ္ဍာထိန်းသည် ငွေစာရင်းရှင်းတမ်းကို အကျိုးဆောင်နှင့် ဘဏ္ဍာရေး ကော်မတီထံ (၃)လတစ်ကြိမ် တင်ပြရမည်။ စာရင်းစစ်ဆေးပြီးသည့် နှစ်ချုပ်ငွေစာရင်း ရှင်းတမ်းကိုလည်း နှစ်ပတ်လည် ညီလာခံသို့ တင်ပြ ရမည်။ ထိုတင်ပြသည့် နှစ်ချုပ်စာရင်းကိုလည်း ညီလာခံမှတ်တမ်း (ဂျာနယ်)တွင် ဖေါ်ပြရမည်။
အခန်း(၁၀) နှစ်ပတ်လည် ညီလာခံ အစီစဉ် ရေးဆွဲရေး ကော်မတီ
(၂၀) နှစ်ပတ်လည် ညီလာခံ အစီအစဉ် ရေးဆွဲရေး ကော်မတီနှင့် ညီလာခံ လျာထားရေး ကော်မတီတွင် အောက်ပါပုဂ္ဂိုလ်များသည် ရာထူးစဉ် အရ ပါဝင်စေရမည်။
(က) နှစ်ပတ်လည် ညီလာခံ အထွေထွေ အတွင်းရေးမှူး (သဘာပတိ)
(ခ) နှစ်ပတ်လည် ညီလာခံ တွဲဘက်အထွေထွေ အတွင်းရေးမှူးများ
(ဂ) ကော်မတီနှင့် ကော်မရှင် သဘာပတိ အားလုံးနှင့် သီးခြား အစည်းဝေး သဘာပတိနှင့် အတွင်းရေးမှူးများ
(ဃ) ဤကော်မတီသည် နှစ်ပတ်လည် ညီလာခံ မတိုင်မီ (၂)လ ကြိုတင် တွေ့ဆုံပြီး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ပြီး နှစ်ပတ်လည် ညီလာခံသို့ တင်ပြခြင်းနှင့် ဖိတ်ကြားခြင်း ပြုလုပ်ရမည်။
အခန်း(၁၁) တရားရေး ကော်မတီ
(၂၁) တရားရေး ကော်မတီ
(က) အဖွဲ့ဝင်များ
တရားရေး ကော်မတီ ဖွဲ့စည်းရာတွင် အဖွဲ့ချုပ်၏ အဖွဲ့ဝင် အသင်းတစ်ခုစီမှ အများဆုံး (၂)ဦးအထိ ပါဝင်စေပြီး နှစ်ပတ်လည် ညီလာခံ သဘာပတိသည် ရာထူးအရ သဘာပတိ ဖြစ်သည်။ အသက်(၃၅)နှစ်ထက် မငယ်စေရ။ ကော်မတီဝင်များ အား အဖွဲ့ဝင် အသင်းများမှ လျာထားပေးပြီး ထိုသို့လျာထား ခြင်းအား နှစ်ပတ်လည် ညီလာခံ အပိုင်း(က)တွင် တက်ရောက် သူများမှ ဖြည့်စွက်လျာထားခွင့်ရှိသည်။ ထိုသို့လျာထားပြီးသော ကိုယ်စားလှယ် အမည်စာရင်းကို နှစ်ပတ်လည် ညီလာခံတွင် ရွေးကောက်ပွဲ မကျင်းပမီ (၂)ကြိမ်ကြော်ငြာရမည်။ ပြင်ဆင် ဖြည့်စွက်စရာ မရှိတော့လျှင် အပိုင်း(က)တွင် တက်ရောက်သူ များမှ အများသဘောတူ လက်ယာလက်ပြပြီး ရွေးကောက်ရ မည်။ အဖွဲ့ဝင်နေရာ လစ်လပ်ပါက နှစ်ပတ်လည် ညီလာခံတွင် လိုအပ်သလို ဖြည့်စွက်ခွင့်ရှိသည်။
(ခ) တရားရေး ကော်မတီ အဖွဲ့ဝင် (၅)ဦးထက် မပိုစေရ။ (အများဆုံး ၂ ဦးသည် ဥာဏ်ရည်မသန်စွမ်းသူ မိသားစုဝင် မဟုတ်သူ ဖြစ်ခွင့် ရှိစေရမည်။
(ဂ) တရားရေး ကော်မတီ၏ သက်တမ်းမှာ (၄)နှစ်ဖြစ်သည်။
(ဃ) အထွေထွေ
(၁) တရားရေး ကော်မတီသည် ဖွဲ့စည်းပုံနှင့် လုပ်ထုံးလုပ်နည်း များကို မိမိတို့ သဘောအတိုင်း ဆောင်ရွက်နိုင်သည်။ နှစ်ပတ်လည် ညီလာခံ အချိန်နှင့် လိုအပ်သော အချိန်များ တွင် တွေ့ဆုံနိုင်သည်။ တက်ရောက်သူ ကော်မတီဝင် (၅၀%)ကျော်မှသာလျှင် အစည်းဝေး အထမြောက်သည်။ လိုအပ်သော ဆုံးဖြတ်ချက် တစ်ခုစီတိုင်းအတွက် အစည်းဝေး တက်ရောက်သူ ကော်မတီဝင် ဦးရေ၏ ၅၀% ကျော် ထောက်ခံမှသာ အတည်ဖြစ်သည်။
(၂) နှစ်ပတ်လည် ညီလာခံ၏ ဆုံးဖြတ်ချက်ကိုသော် လည်းကောင်း၊ နှစ်ပတ်လည် ညီလာခံ သဘာပတိ၏ ဆုံးဖြတ်ချက်ကိုသော်လည်းကောင်း မကျေနပ်၍ နှစ်ပတ်လည် ညီလာခံ အပိုင်း(က)တွင် တက်ရောက်သူထဲ မှ (၅)ပုံ(၁)ပုံ၏ ဆန္ဒဖြင့် အယူခံသော ကိစ္စများကို တရား ရေး ကော်မတီက ညီလာခံ ကျင်းပနေစဥ်အတွင်း လက်ခံ ကြားနာ ဆုံးဖြတ်ပေးနိုင်ရမည်။
(၃) ကော်မတီနှင့် ကော်မရှင်များ၏ ဆုံးဖြတ်ချက်များသည် အဖွဲ့ချုပ်ကို ထိခိုက်သည်ဟု နှစ်ပတ်လည် ညီလာခံ အပိုင်း (က)တွင် တက်ရောက်သူထဲမှ သုံးပုံနှစ်ပုံ၏ ဆန္ဒဖြင့် အယူခံဝင်လျှင် တရားရေး ကော်မတီက အရေးယူ ဆောင်ရွက်ပေးရမည်။
(၄) အမှုစစ်ဆေးရေး ခုံရုံး၏ ဆုံးဖြတ်ချက်ကို မကြေနပ်သော အဖွဲ့ချုပ် အဖွဲ့ဝင်၏ အယူခံကို တရားရေး ကော်မတီက ကြားနာစစ်ဆေးရမည်။
(၅) တရားရေး ကော်မတီသည် နှစ်ပတ်လည် ညီလာခံက ပေးအပ်သည့် အခြားတာဝန် ဝတ္တရားများတွင် အခွင့် အာဏာများ ရှိစေရမည်။
(၆) တရားရေး ကော်မတီ၏ ဆုံးဖြတ်ချက်သည် နောက်ဆုံး အတည် ဖြစ်စေရမည်။ မည်သို့ပင် ဆိုစေကာမူ နှစ်ပတ်လည် ညီလာခံနှင့် ကော်မတီနှင့် ကော်မရှင်များ၏ စည်းမျဉ်းဥပဒေဆိုင်ရာ မှားယွင်းမှုများကိုလည်း တရား ရေး ကော်မတီက သက်ဆိုင်ရာသို့ ပြန်လည်အကြောင်း ကြားရမည်။
(၇) ဥပဒေဆိုင်ရာများ၊ တရားရေး ကော်မတီ၏ ဆုံးဖြတ်ချက် များ၊ အချက်အလက်များ၊ ထင်မြင်ယူဆချက်များ အားလုံးတို့ကို မှတ်တမ်းတင်၍ နှစ်ပတ်လည် ညီလာခံ အထွေထွေ အတွင်းရေးမှူးထံ ပေးပို့သိမ်းဆည်းထားပြီး အောက်ပါအတိုင်း ကြေငြာရမည်။
(က) နှစ်ပတ်လည် ညီလာခံ ကျင်းပစဉ်ဖြစ်လျှင် နေ့စဉ် မှတ်တမ်းတွင် ဖေါ်ပြ၍သော်လည်းကောင်း၊ နှစ်ပတ်လည် ညီလာခံ နေ့စဉ်မှတ်တမ်း (ဂျာနယ်) တွင်သော်လည်းကောင်း ထည့်သွင်းဖေါ်ပြရမည်။
(ခ) ညီလာခံ ကြားကာလ ဆုံးဖြတ်ချက်များကိုလည်း ညီလာခံ နေ့စဉ်မှတ်တမ်း (ဂျာနယ်)တွင် ဖေါ်ပြရ မည်။
အခန်း (၁၂) စွပ်စွဲပြစ်တင်ခြင်းနှင့် အမှုစစ်ဆေးခြင်း
(၂၂) အောက်ဖေါ်ပြပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သည်ဟု အဖွဲ့ချုပ် အဖွဲ့ဝင် နှင့် ကော်မတီနှင့် ကော်မရှင် အဖွဲ့ဝင်တို့က စွပ်စွဲပါက နှစ်ပတ်လည် ညီလာခံ သဘာပတိ သို့မဟုတ် ကော်မတီနှင့် ကော်မရှင် အဖွဲ့ဝင်သည် အမှုစစ်ဆေး ခံရမည်။
(က) ခေါင်းဆောင်မပီသသော အမျက်ဒေါသ၊ အပြောအဆို၊ အမူ အရာ
(ခ) သတိတရားမရှိ၊ မဆင်မခြင် သို့မဟုတ် သိက္ခာပျက်ပြားမှု
(ဂ) တာဝန်နှင့် ဝတ္တရားများ ပျက်ကွက်ခြင်း
(ဃ) အကျင့်စာရိတ္တ ပျက်ပြားမှု သို့မဟုတ် ရာဇဝတ်မှုအတွက် ရင်ဆိုင်နေရခြင်း
(င) အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း/ဘက်လိုက်ခြင်း
(၂၃) နှစ်ပတ်လည် ညီလာခံ သဘာပတိအား စွပ်စွဲပြစ်တင်ခြင်းနှင့် အမှု စစ်ဆေးခြင်း
(က) နှစ်ပတ်လည် ညီလာခံ သဘာပတိ၏ အကျင့်သိက္ခာ/ကိုယ်ကျင့် တရားကို နှစ်ပတ်လည် ညီလာခံက လက်မခံနိုင်သည့် အခြေ အနေဖြစ်လျှင် စွပ်စွဲပြစ်တင် ခံရနိုင်သည်။
(ခ) အကယ်၍ နှစ်ပတ်လည် ညီလာခံ သဘာပတိသည် နှစ်ပတ်လည် ညီလာခံ ကြားကာလအတွင်း အပိုဒ်(၂၂)မှ တစ်ခုခုအား ဖေါက်ဖျက်သည်ဟု စွပ်စွဲခံရလျှင် ပြစ်မှုကျူးလွန်ခံရသော အဖွဲ့ချုပ် အဖွဲ့ဝင်မှ အမှုဆောင် တစ်ဦးဦးသည် စုံစမ်းရေး ကော်မရှင်သို့ အကြောင်းကြား စုံစမ်းစေရမည်။
(၁) တိုင်ကြားချက်ကို အကျိုးကြောင်း ဆီလျော်သည်ဟု စုံစမ်း ရေး ကော်မရှင် အဖွဲ့ဝင် သုံးပုံနှစ်ပုံက လက်ခံလျှင် ကော်မရှင် အဖွဲ့ဝင်များက ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး တရားရေး ကော်မတီ သဘာပတိထံသို့လည်းကောင်း၊ မိတ္တူကို စွပ်စွဲခံရသူထံသို့လည်းကောင်း ပေးပို့ရမည်။
(၂) အကယ်၍ တရားရေး ကော်မတီ သဘာပတိသည် တိုင်ကြားချက်နှင့် အကျုံးဝင် သက်ဆိုင်နေပါက တရားရေး ကော်မတီဝင် တစ်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ရ မည်။
(၃) တရားရေး ကော်မတီ သဘာပတိသည် စာလက်ခံရရှိသည့် နေ့မှစ၍ ရုံးဖွင့်ရက် (၁၅)ရက်ထက် နောက်မကျစေပဲ စစ်ဆေးရန် အချိန်နှင့် နေရာကို သတ်မှတ်ပြီး တရားရေး ကော်မတီနှင့် စွပ်စွဲချက်ကို သက်သေပြနိုင်သူများအား တွေ့ဆုံစေရမည်။
(၄) စွပ်စွဲခံရသူ၏ ကိုယ်စားလှယ်များက သက်သေများအား မေးခွန်းများ မေးနိုင်သည်။ သို့ရာတွင် စွပ်စွဲခံရသူကိုယ်တိုင် မပြုလုပ်စေရ။
(၅) တရားရေး ကော်မတီက အမှုကို ခုံရုံးဖြင့် စစ်ဆေးမှ တရား မျှတမည်ဟု ယူဆလျှင် ခုံရုံးတစ်ခုကို ဖွဲ့စည်းစေပြီး စွပ်စွဲ ခံရသူအား ရာထူးမှ ခေတ္တချထားရမည်။
(ဂ) ခုံရုံးဖွဲ့ရန် ဆုံးဖြတ်သည့်နေ့မှ ရုံးဖွင့်ရက် (၅)ရက်အတွင်း ခုံရုံးဖွဲ့ ရန် နေ့ရက်နှင့် အချိန်ကို ကြေငြာပြီး နှစ်လအတွင်း ခုံရုံးဖွဲ့ရမည်။
(ဃ) ခုံရုံးကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်။
(၁) တရားရေး ကော်မတီ သဘာပတိသည် စွပ်စွဲခံရသူနှင့် စွပ်စွဲ သူတို့၏ နှစ်ဖက်ကိုယ်စားလှယ်တို့အား တွေ့ဆုံစေပြီး ခုံရုံး ဖွဲ့စည်းရန် ရွေးချယ်စေရမည်။
(၂) တရားရေး ကော်မတီသည် ခုံရုံးဖွဲ့စည်းနိုင်ရန် အလို့ငှာ အဖွဲ့ချုပ်၏ ကော်မတီနှင့် ကော်မရှင်များမှ (၁၁)ဦးကို လျာထားပေးရမည်။ လျာထားသူများထဲတွင် တရားရေး ကော်မတီနှင့် စုံစမ်းရေး ကော်မတီဝင်များ မပါဝင်စေရ။
(၃) လျာထားသူ (၁၁)ဦးအနက်မှ (၅)ဦး ပါဝင်သော ခုံရုံးအား စွပ်စွဲခံရသူနှင့် စွပ်စွဲသူတို့ အပါအဝင် နှစ်ဖက် ကိုယ်စားလှယ်က လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်ရမည်။
(င) နှစ်ဖက်ကိုယ်စားလှယ် တစ်ဦးစီသည် ဖွဲ့စည်းထားသော ခုံရုံး အဖွဲ့ဝင်များထဲမှ အများဆုံး (၂)ဦးအထိကို အကြောင်းပြ၍ ဖြစ်စေ၊ အကြောင်းမဲ့ဖြစ်စေ ပယ်ချခွင့်ရှိသည်။
(စ) လစ်လပ်သွားသော ခုံရုံးအဖွဲ့ဝင်များ နေရာတွင် ကျန်လျာထားသူ များထဲမှ ရွေးကောက်ရမည်။
(၂၄) ခုံရုံးတွင် အမှုစစ်ဆေးရန် တာဝန်ရှိသည်။ အမှုကို စစ်ဆေးပြီးနောက် ခုံရုံးအဖွဲ့ဝင် (၃)ဦး၏ သဘောထားဖြင့် စွပ်စွဲခံရသူအား ရာထူးချထား နိုင်သည်။
(က) ခုံရုံး၏ စီရင်ချက်သည် တရားရေး ကော်မတီသို့ အယူခံ မဝင် လျှင် အတည်ဖြစ်စေရမည်။ စီရင်ချက်ကို မှတ်တမ်းတင်၍ နှစ်ပတ်လည် ညီလာခံ မှတ်တမ်း(ဂျာနယ်)တွင် ဖေါ်ပြရမည်။
(ခ) စီရင်ချက်နှင့်တကွ သက်ဆိုင်သည့်စွဲချက်၊ အထောက်အထား များ၊ စစ်ဆေးချက်၊ တွေ့ရှိချက်များကို ခုံရုံးသဘာပတိနှင့် ခုံရုံး မှတ်တမ်း အတွင်းရေးမှူးတို့က လက်မှတ်ရေးထိုးပြီး နှစ်ပတ်လည် ညီလာခံ အထွေထွေ အတွင်းရေးမှူးထံ ပေးပို့ထား ရမည်။
(ဂ) အကယ်၍ အယူခံ ဝင်ပါက ထိုမှတ်တမ်းသည် အခြေခံ ဖြစ်စေရ မည်။
(၂၅) ရာထူးချထားခြင်း သို့မဟုတ် တာဝန်မှ ခေတ္တရပ်စဲခံထားရသူသည် ထို နေ့မှစ၍ အဖွဲ့ချုပ်၏ မည်သည့်အထောက်အပံ့ကိုမျှ မခံစားစေရ။ အကယ်၍ အမှုစစ်ဆေးပြီး အပြစ်မရှိဟု ဆုံးဖြတ်ပါက မူလရှိရင်းစွဲ ရာထူးနှင့် ခံစားခွင့်များ ပြန်လည်ရရှိစေရမည်။
(၂၆) တရားရေးဆိုင်ရာ အထွေထွေ ညွှန်ကြားချက်များ
(၁) စွဲချက်
(က) နှစ်နှစ်ကျော် ကာလက ဖြစ်ပျက်ခဲ့သော ကိစ္စအတွက် စွဲချက်တင်ရန် မလိုအပ်ပါ။ အကယ်၍ ရာဇဝတ်မှုနှင့်သော် လည်းကောင်း၊ တရားမမှုနှင့်သော်လည်းကောင်း တရားရုံး မှ အပြစ်ပေး ခံထားရသူအား ထိုစီရင်ချက် ချပြီးသည့်နေ့မှ (၁)နှစ်အတွင်း အဖွဲ့ချုပ်သို့ တိုင်ကြားလာလျှင် တိုင်ကြား ချက် ဖွင့်ရမည်။
(ခ) စွပ်စွဲချက် တစ်ခုအတွက် ပြစ်မှုတစ်မျိုးသာ စွဲတင်နိုင်သည်။ တစုံတယောက်သည် ပြစ်မှုအများကို ကျူးလွန်သူ ဖြစ်ပါ က ပြစ်မှုတစ်ခုလျှင် စွဲချက်တစ်ခု တင်နိုင်သည်။ အမှု စစ်ဆေးသည့် အခါတွင်လည်း တပေါင်းတည်း စစ်ဆေးနိုင် သည်။ ဤသို့တပေါင်းတည်း စစ်ဆေးပြီးသည့်အခါ စီရင်ချက်ချရန် စွဲချက်တစ်ခုစီအပေါ် ခွဲခြားဆုံးဖြတ်ရမည်။
(ဂ) စွဲချက်၏ ပင်ကိုယ်သဘာဝ မပျက်ယွင်းစေသည့် စွဲချက် အပြောင်းအလဲများကို ခုံရုံးသဘာပတိ၏ ဆုံးဖြတ်ပိုင်ခွင့် နှင့် အမှုစတင် စစ်ဆေးသည့် နေ့အထိ ပြင်ဆင်ခွင့်ရှိသည်။ ဤသို့စွဲချက် ပြင်ဆင်ကြောင်းကို စွပ်စွဲခံရသူထံ အကြောင်း ကြားထားပြီး ဖြစ်ရမည်။
(ဃ) လက်မှတ်ရေးထိုးထားခြင်းမရှိသည့် စွဲချက်ကို စစ်ဆေးရန် မလိုပါ။
(၂) ကိုယ်စားလှယ် သို့မဟုတ် ရှေ့နေ
(က) အမှုတိုင်းတွင် စွပ်စွဲခံရသူသည် ခုံရုံးသို့ မိမိ၏ ကိုယ်စားလှယ်ဖြင့် တက်ရောက်နိုင်သည်။ ထုချေရာတွင် နှုတ်ဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း ထုချေခွင့်ရှိသည်။
(ခ) အမှုစစ်ဆေးရာတွင် စွပ်စွဲခံရသူက ကိုယ်တိုင် ကိုယ်စားလှယ် မပေးနိုင်သဖြင့် ၎င်းအတွက် ကိုယ်စားလှယ် တစ်ယောက်ပေးရန် တောင်းဆိုလာလျှင် သဘာပတိသည် ကိုယ်စားလှယ်တစ်ဦး ခန့်ထားနိုင်သည်။ ကိုယ်စားလှယ် နှစ်ဦးလုံးသည် လက်ထောက် ကိုယ်စားလှယ် ခန့်ထားနိုင်သည်။
(ဂ) အမှုစစ်ဆေးရန် စွပ်စွဲခံရသူ သို့မဟုတ် ကိုယ်စားလှယ် တစ်ယောက်မှ ခုံရုံးသို့ မလာရောက်ပဲ ပျက်ကွက်လျှင် ၎င်းတို့၏ မျက်ကွယ်တွင် အမှုစစ်ဆေးနိုင်ခွင့်ရှိပြီး စီရင် ချက်လည်း ချမှတ်နိုင်သည်။
(၃) ဆင့်စာ(နို့တစ်) အကြောင်းကြားစာ
ဆင့်စာ(နို့တစ်)များကို စာဖြင့်ပေးပို့ရမည်။ သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း သို့မဟုတ် ဆင့်စာပေးရန် လိုအပ်သူများ ကိုယ်စား လက်မှတ်ရေးထိုး ပေးပို့ရမည်။ ဤဆင့်စာကို ပေးပို့ရန် လိုအပ်သူ အားလုံးထံသို့ ပေးပို့ရမည်။ ဤဆင့်စာကို အနည်းဆုံး (၇)ရက်ကြိုတင် မှတ်ပုံတင်စာ ပြုလုပ်ပေးပို့ရမည်။ (ရုံးစာပေးပို့ ရမည်)
(၄) အမှုစစ်ဆေးခြင်းများ
(က) စုံစမ်းရေးကိစ္စ သို့မဟုတ် ခုံရုံးတင်သည့် ကိစ္စနှင့် စပ်ဆိုင် သော အကြောင်းကြားစာ (ဆင့်စာ)များကို နှစ်ဦးနှစ်ဖက်မှ သတ်မှတ်ထားသော သက်သေခံများထံ ပေးပို့ရမည်။ ယင်း အကြောင်းကြားစာ (ဆင့်စာ)များကို အဖွဲ့ချုပ် အမည်ဖြင့် ခုံရုံးသဘာပတိက လက်မှတ်ရေးထိုး ပေးပို့ရမည်။
(ခ) အကြောင်းကြားစာ (ဆင့်စာ)ဖြင့် ဆင့်ခေါ်ခြင်း ခံရသူ အဖွဲ့ချုပ် အဖွဲ့ဝင်မှ အသင်းသားသည် စစ်ဆေးခံရန် ခုံရုံးသို့ လာရောက်ရမည့် တာဝန်ရှိသည်။
(ဂ) ခုံရုံးစတင် စစ်ဆေးသည့်အခါ ခုံရုံးသဘာပတိက အမှု စစ်ဆေးခြင်း ခံရသူကို စွဲချက်တင်ခြင်းအား ချေပရန် အခွင့် ပေးရမည်။ စွပ်စွဲခံရသူသည် အပြစ်မရှိဟု ခြေပ လျှောက်လဲရန် ပျက်ကွက်သည်ဖြစ်စေ၊ ငြင်းဆိုလျှင် ဖြစ်စေ မှတ်သားထားရမည်။ ပြီးနောက်ဆက်လက် စစ်ဆေးရမည်။ ခုံရုံးကို ရွှေ့ဆိုင်းရန် လုံလောက်သော အကြောင်းရှိခဲ့လျှင် အချိန်ကာလ သင့်လျော်သလို သို့ မဟုတ် လိုအပ်သလို ရွှေ့ဆိုင်းရန် တောင်းဆိုနိုင်သည်။ စွပ်စွဲ ခံရသူသည် ရုံးချိန်းများအတွင်း သူ၏သက်သေခံချက်၊ ခုခံ ကာကွယ်ချက်များကို တင်ပြရန် သတ်မှတ်ထားသည့် အချိန်အတွင်းတွင်သာ လွတ်လပ်စွာ တင်ပြနိုင်ခွင့်ရှိသည်။
(ဃ) အကြောင်းကြားစာ (ဆင့်စာ)ကို (၇)ရက်ကြိုတင်ပေးပြီး စွပ်စွဲခံရသူသည် ရုံးတက်စစ်ဆေးခံရန် သတ်မှတ်ထား သည့် နေ့ရက်၊ အချိန်၊ နေရာသို့လာရန် ငြင်းပယ်လျှင် သို့ မဟုတ် ပျက်ကွက်ခဲ့လျှင် စုံစမ်းခြင်း၊ အမှုစစ်ဆေးခြင်းကို ၎င်း၏မျက်ကွယ်တွင် ဆက်လက်စစ်ဆေးနိုင်သည်။ အမှု ကိစ္စ အားလုံးတွင် သတ်မှတ်ထားသော အချိန်၊ နေရာသို့ လာရောက်နိုင်ရန် စုံစမ်းခြင်း သို့မဟုတ် ခုံရုံးတက်ရန် အတွက် ပြင်ဆင်ရန် လုံလောက်သော အချိန်ကို စွပ်စွဲခံရသူ အား ပေးရမည်။ ခုံရုံးသဘာပတိကလည်း သင့်လျော်သလို လုံလောက်သော အချိန်ကာလကို ပေးရမည်။
(င) အမှုစစ်ဆေးရန် ခုံရုံးအဖွဲ့ဝင်သည် အစမှ အဆုံးတိုင် အမှု စစ်ဆေးပြီးသည်အထိ တာဝန်ယူ စစ်ဆေးရမည်။ ခုံရုံး အဖွဲ့ဝင် တစ်ဦးဦးသည် အမှုစစ်ဆေးသော ရုံးချိန်း၏ ၅၀% မတက်ရောက် နိုင်ပါက စီရင်ချက် ချသောအခါ မဲပေးခွင့် မရှိစေရ။ ခုံရုံးအဖွဲ့ဝင်များ၏ အနည်းဆုံး သုံးပုံနှစ်ပုံ၏ မဲ ဆန္ဒဖြင့် ဆုံးဖြတ်ချက် ချရမည်။
(စ) မည်သည့်ဘက်မှမဆို တင်သွင်းသည့် အမှုတွဲနှင့် ပတ်သက် သော ကန့်ကွက်လွှာများကို မှတ်တမ်းတင်ထားရမည်။
(ဆ) သက်သေတစ်ဦးတစ်ယောက်ကို စစ်ဆေးနေစဥ် နောက်ထပ်စစ်ဆေးရမည့် သက်သေကို နားမထောင်စေရ၊ ရုံးအတွင်း မရှိစေရ။ အမှုသည်များသည် မိမိတို့ ဖေါ်ပြ ထားသော သက်သေများကို ဦးစွာစစ်ဆေးရမည်။ ထို့နောက်တစ်ဖက်သက်သေများကို ပြန်လှန်မေးခွန်းထုတ် နိုင်သည်။ ထိုနောက်ခုံရုံး အဖွဲ့ဝင် မည်သူမဆို မေးခွန်းမေး နိုင်သည်။ ခုံရုံးသဘာပတိက အချက်အလက်များအတွက် သင့်လျော်မှု ရှိမရှိကို ဆုံးဖြတ်နိုင်သည်။
(ဇ) အမှုစုံစမ်းခြင်း၊ အမှုစစ်ဆေးခြင်း၊ အယူခံ ဝင်ခြင်းတို့ကို ဆောင်ရွက်ဆဲတွင် သဘာပတိသည် ထင်မြင်ချက်ပေးခြင်း သို့မဟုတ် ရှင်းလင်းချက်ပေးခြင်း သို့မဟုတ် အမှုသွား အမှု လာ အကျိုးအပြစ်ကို တင်ပြပြောဆိုခြင်း မပြုရ။ သဘာပတိက ဥပဒေ သို့မဟုတ် အချက်အလက်များနှင့် ထင်မြင်ချက်များကို ဖေါ်ပြခြင်း မပြုရ။ ဆုံးဖြတ်ချက် ချသည့်တိုင် တွေ့ရှိချက်များ ပြည့်စုံသည်အထိ သဘာပတိ သည် အစမှ အဆုံးတိုင်သည်အထိ ဆောင်ရွက်ပြီးမှသာ လက်မှတ်ရေးထိုးရမည်။
(၅) သက်သေခံချက်များ
(က) သက်သေထွက်ဆိုချက်များကို အဆင်ပြေသလို ရယူရ မည်။ လက်ရေးဖြင့် မှတ်တမ်းတင်ခြင်းကို နဲနိုင်သမျှ နဲစေရ မည်။ သဘာပတိနှင့် မှတ်တမ်းထိန်းသည် သက်သေခံချက် များကို ကျေနပ်အောင် မှတ်တမ်းတင်ရမည်။ မှတ်တမ်း များ၊ သက်သေခံ ပစ္စည်းများ၊ သက်သေ ထွက်ဆိုချက်များ ကို စုဆောင်းရမည်။ ထိုအရာများသည် အယူခံ ဝင်သည့် အခါ သက်သေခံများ ဖြစ်စေရမည်။
(ခ) သက်သေတစ်ဦးသည် အဖွဲ့ချုပ် အဖွဲ့ဝင် မဟုတ်သည့် အတွက် သက်သေခံခွင့် မရှိဟု မမှတ်ယူရ၊ မပယ်စေရ။
(ဂ) အမှုသည်ဖြစ်စေ၊ သက်သေဖြစ်စေ လိုအပ်၍ တောင်းဆို လာလျှင် အမှုသည် တစ်ဦးဦး၏ လျှောက်လဲချက်အရ အမှု အရေး လွှဲအပ်ခံရသူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ ခန့်ထားရန် ခုံရုံးသဘာပတိဖြစ်စေ နှစ်ပတ်လည် ညီလာခံ သဘာပတိဖြစ်စေ အမှုတစ်ခုကို ဆိုင်းငံ့ထားရန် အခွင့် အာဏာရှိသည်။ အမှုအရေး လွှဲအပ်ခံရသူသည် အဖွဲ့ချုပ် အဖွဲ့ဝင် သို့မဟုတ် အဖွဲ့ဝင် မဟုတ်သူလည်း ဖြစ်နိုင်သည်။ ယင်းသက်သေ ထွက်ဆိုချက်ကို ရယူနိုင်ရန် အနည်းဆုံး (၃)ရက်ကြိုတင်၍ ဆင့်စာကို အခြားတစ်ဖက်သို့ ပေးပို့ရ မည်။ နှစ်ဖက်ကိုယ်စားလှယ်များသည် မိမိသက်သေများ နှင့် အပြန်အလှန် သက်သေထွက်ဆိုချက်ကို စစ်ဆေး မေးမြန်းနိုင်သည်။ ခန့်ထားသော အမှုအရေး လွှဲပြောင်းခံရ သူတစ်ဦး သို့မဟုတ် တစ်ဦးထက် ပိုသူများသည် စစ်ဆေး ချက် အပြည့်အစုံကို လက်မှတ်ရေးထိုးပြီး ဆိုင်းငံ့ထား သော ခုံရုံးသဘာပတိထံ အစီရင်ခံရမည်။
အခန်း(၁၃) စုံစမ်းရေး ကော်မရှင်
(၂၇) နှစ်ပတ်လည် ညီလာခံ ကျင်းပတိုင်း ညီလာခံ သဘာပတိက လျာထား သော အဖွဲ့ချုပ်ကိစ္စ ကျွမ်းကျင်၍ တရားမျှတစွာ ဆုံးဖြတ်နိုင်သည့် အဖွဲ့ချုပ် အဖွဲ့ဝင် အသင်းများမှ ညီလာခံ တက်ရောက်လာသူဖြစ်စေ၊ အပိုင်း(ဂ)တွင် တက်ရောက်သူများထဲမှဖြစ်စေ အနည်းဆုံး (၄)ဦး၊ အများဆုံး (၆)ဦးပါသော အဖွဲ့ကို ညီလာခံမှ ဖွဲ့စည်းပေးရမည်။ ၎င်း အပြင် အနဲဆုံး မိသားစုဝင် မဟုတ်သူ ၅၀% ပါဝင်စေရမည်) အဖွဲ့ဝင် ရာထူး လစ်လပ်ပါက ဖြည့်တင်းနိုင်ရန် အရန်(၂)ဦးကိုလည်း ရွေးချယ် ထားရမည်။ စုံစမ်းရေး ကော်မရှင်၏ သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။
အခန်း(၁၄) ထုတ်ပယ်ခွင့်အာဏာ
(၂၈) ကော်မတီနှင့် ကော်မရှင်များသည် မိမိတို့၏ အဖွဲ့ဝင် (၁)ဦးကိုသော် လည်းကောင်း၊ ခန့်အပ်ထားသော ဝန်ထမ်းကိုသော်လည်းကောင်း၊ အကျင့်စာရိတ္တနှင့် ဆိုင်၍သော်လည်းကောင်း အကြောင်းတစ်ခုခု ကြောင့် ပေးအပ်လာသော တာဝန်ကို မဆောင်ရွက်နိုင်၍သော် လည်းကောင်း၊ ပျက်ကွက်၍သော်လည်းကောင်း၊ အပြစ်ရှိသည်ဟု တရားရေး အဖွဲ့က ဆုံးဖြတ်ပါက အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ခွင့် အာဏာ ရှိစေရမည်။
ကော်မတီနှင့် ကော်မရှင် အဖွဲ့ဝင် တစ်ဦးတစ်ယောက် သို့မဟုတ် ဝန်ထမ်းတစ်ယောက်သည် အကျင့်စာရိတ္တနှင့် ဆိုင်၍သော် လည်းကောင်း၊ ရာဇဝတ်မှု ကျူးလွန်၍သော်လည်းကောင်း၊ အစိုးရ ရုံးတော်မှ အပြစ်ပေး ခံရခြင်း၊ တရားစွဲဆို ခံခဲ့ရပါက ထိုသူအား သက်ဆိုင်ရာ အဖွဲ့မှ အဖွဲ့ဝင်အဖြစ် ထုတ်ပယ်ရန် အခွင့်အာဏာ ရှိစေရ မည်။
ဤသို့ဆုံးဖြတ် ထုတ်ပယ်ခြင်းသည် အတည်ဖြစ်သည်။
ထုတ်ပယ်ခံရသူသည် မည်သည့်ကော်မတီနှင့် ကော်မရှင်တွင်မှ တာဝန်ထမ်းဆောင်ခွင့် မရှိစေရ။
အကယ်၍ တာဝန်ပြန်လည် ထမ်းဆောင်လိုပါက နှစ်ပတ်လည် ညီလာခံ၏ ခွင့်ပြုချက် ယူရမည်။ သို့မဟုတ် အယူခံ ဝင်ရမည်။
အခန်း(၁၅) အယူခံခြင်း
(၂၉) အယူခံ ဝင်လိုသည့် ကိစ္စအားလုံးတွင် အမှုရှင်သည် အယူခံနိုင်ရန် ရက် (၃၀)အတွင်း လျှောက်ထားခွင့်ရှိသည်။ တချိန်တည်းမှာပင် အယူခံလွှာ ကို အယူခံမည့် အကြောင်းကြားစာကို လက်ခံထားရှိသော သဘာပတိ နှင့် ကိုယ်စားလှယ်ထံသို့ ပေးပို့ရမည်။ အယူခံလွှာကို လက်ခံသည့် ရုံးကလည်း ဖော်ပြပါ အယူခံချက် အပေါ်တွင်သာ ကြားနာစစ်ဆေးရ မည်။
(၃၀) အယူခံရုံးသည် အယူခံသည့် အမှုပေါ်တွင် အောက်ရုံး၏ စီရင်ချက်၊ ဆုံးဖြတ်ချက် အားလုံးကိုသော်လည်းကောင်း၊ တစိတ်တဒေသကို သော်လည်းကောင်း၊ ပြောင်းလဲ၍သော်လည်းကောင်း၊ စီရင်ချက်ကို ပြင်ဆင်လိုက်၍သော်လည်းကောင်း၊ ပြန်လည်စစ်ဆေး ဆုံးဖြတ်လျှင် သော်လည်းကောင်း၊ အဆိုပါ ဆုံးဖြတ်ရခြင်း၏ အကြောင်းကို အစီရင်ခံစာဖြင့် နှစ်ပတ်လည် စည်းဝေးကြီးသို့လည်းကောင်း၊ စစ်ဆေးပြီးခဲ့သည့် စစ်ဆေးရေး ခုံရုံး၏ အတွင်းရေးမှူးထံသို့ လည်းကောင်း အကြောင်းကြားရမည်။
(၃၁) စွပ်စွဲခံရသူသော်လည်းကောင်း၊ စွပ်စွဲခံရသူ၏ ကိုယ်စားလှယ်သော် လည်းကောင်း၊ နှစ်ဦးစလုံးသည် ပျက်ကွက်ခဲ့လျှင်သော်လည်းကောင်း၊ လာရောက်ရန် ငြင်းဆန်ခဲ့လျှင်သော်လည်းကောင်း၊ စီရင်ချက် ပြီးသည့်နောက်ပိုင်းတွင် အယူခံခွင့် မရှိစေရ။ အယူခံသည့် အမှုတိုင်း ကို အယူခံရုံးသည် ကြားနာစစ်ဆေးရမည်။ အမှုရှင်သည် ပျက်ကွက်ခဲ့ လျှင် သူ၏အယူခံခြင်းကို ပလပ်စေရမည်။ မည်သည့်အယူခံ ဝင်သည့် အမှုရှင်မဆို စုံစမ်းရေး ကော်မရှင် သို့မဟုတ် ခုံရုံး၏ တွေ့ရှိချက် ညွှန်ကြားချက်ကို ငြင်းဆန်လျှင်သော်လည်းကောင်း၊ မိမိကိုယ်တိုင် နှုတ်ထွက်သွားလျှင်သော်လည်းကောင်း၊ မိမိကိုယ်စားလှယ်ကသော် လည်းကောင်း၊ အမှုဆိုင်ရန် ပျက်ကွက်ခဲ့လျှင်သော်လည်း၊ အမှု စီရင်ချက် မချမီ အစိုးရ တရားရုံးတော်သို့ တစ်ဘက်သော အမှုသည် အား တရားစွဲဆိုထားလျှင်သော်လည်းကောင်း ခုံရုံးတွင် အမှုစစ်ဆေး ပြီးခဲ့သော အမှုသည် တစ်စုံတစ်ယောက်သည် အယူခံခွင့် မရှိစေရ။
(၃၂) လစ်လျူရှုထားခြင်း သို့မဟုတ် တစ်ခြားအကြောင်းများကြောင့် အယူခံခွင့် ပယ်ထားခံရသော အမှုကို မည်သည့်အယူခံရုံး တစ်ရုံးကမှ ပြင်ဆင်နိုင်ခွင့် မရှိစေရ။
(၃၃) အမှုသည် သေဆုံးသွားလျှင်သော်လည်းကောင်း၊ ထိုအမှုသည် အယူခံ ပိုင်ခွင့် ရှိနေလျှင် သေဆုံးသူ၏ အမွေစား အမွေခံ သို့မဟုတ် တရားဝင် ကိုယ်စားလှယ်က သေဆုံးသူ အသက်ရှင်စဉ်က အယူခံသည့် ပမာဏ အတိုင်း ဆောင်ရွက်ခွင့် ရှိစေရမည်။
(၃၄) အပိုဒ် ၂၃(က)တွင် ဖော်ပြပါ အချက်မှအပ ခုံရုံးနှင့် သက်ဆိုင်သည့် မှတ်တမ်းများနှင့် စီရင်ချက်များ သက်သေအထောက်အထားများ အပါအဝင်ကို အယူခံရုံးက ကြားနာရန် အတွက်သာ အသုံးပြုရမည်။
(၃၅) မည်သည့်အယူခံ အမှုမဆို ချထားသော စီရင်ချက်ကို မရပ်ဆိုင်းစေရ။ ခုံရုံး၏ တွေ့ရှိချက်များသည် အယူခံရုံး၏ ပြောင်းလဲခြင်း သို့မဟုတ် ပြင်ဆင်ခြင်း မရှိမချင်း၊ အတည်ဖြစ်စေရမည်။
(၃၆) အယူခံသည့် ကိစ္စအားလုံးတွင် အယူခံ လက်ခံပြီးသည့် အယူခံရုံးသည် စွဲချက်များ၊ လျှောက်လဲချက်များ ကြားနာဖတ်ကြားသည့်အခါ အမှုရှင် (၂)ဘက်စလုံးသည် မပါဝင်စေပဲ အယူခံရုံးသည် အမှုကို သုံးသပ်ပြီး စီရင်ချက် ချရမည်။ အောက်ရုံး၏ စီရင်ချက်ကို အားလုံးသော် လည်းကောင်း၊ တစ်ချို့တစ်ဝက်ကိုလည်းကောင်း ပြောင်းလဲပိုင်ခွင့်နှင့် ခုံရုံးသစ်ဖွင့်၍ ပြန်လည်စစ်ဆေးပိုင်ခွင့် အမိန့်ချမှတ်နိုင်သည်။ အောက်ရုံး၏ စီရင်ချက် ချထားပြီးသော အပြစ်ဒဏ်ထက်ကြီးသော အပြစ်ဒဏ် မစီရင်ဘဲ ထိုက်တန်သော အပြစ်ကို ထပ်လောင်းစီရင်နိုင် သည်။ အကယ်၍ အောက်ရုံး၏ စီရင်ချက် အပြောင်းအလဲမရှိ၊ ခုံရုံးသစ် ဖွင့်လှစ်စစ်ဆေးရန်မလို၊ အပြစ်ဒဏ်လည်း ပြောင်းလဲရန် မလိုဟု စီရင်လျှင် အောက်ခုံရုံး၏ စီရင်ချက်သည် နောက်ဆုံးအတည် ဖြစ်စေရမည်။ အကယ်၍ အမှားအယွင်းများ ရှိသော်လည်း စီရင်ချက် မထိခိုက်ပါက အယူခံရုံးသည် စီရင်ချက် ပြောင်းရန်သော် လည်းကောင်း၊ ခုံရုံးသစ် ဖွင့်လှစ်စစ်ဆေးရန်သော်လည်းကောင်း အမိန့်ချမှတ်ရန် မလိုတော့ပါ။
(၃၇) အမှုတိုင်းတွင် သက်သေများသည် အမှုနှင့် စပ်လျဉ်း၍ သက်သေ တင်ပြနိုင်ခွင့်များရှိသည်။ စောဒကတက်ရန် ဥပဒေဆိုင်ရာ မေးခွန်းများ ကို အယူခံသည့် အခါမှသာ တဆင့်ပြီးတဆင့် တရားရေး ကော်မတီသို့ မေးမြန်းနိုင်သည်။
(၃၈) ဥပဒေ စည်းကမ်းနှင့် စပ်လျဉ်း၍ အယူခံလျှင် ထိုအယူခံလွှာကို သက်ဆိုင်ရာ ဆုံးဖြတ်စီရင်ချက် ချထားသည့် အဖွဲ့အစည်း၏ အတွင်းရေးမှူးထံသို့ စာဖြင့်ရေးသား အကြောင်းကြားရမည်။ အတွင်းရေးမှူးသည် တင်လာသော မေးခွန်းများ၏ တိကျသော အကြောင်းချက်များနှင့် စီရင်ဆုံးဖြတ်ချက်များကို မှတ်တမ်းတင်ထား ရန် တာဝန်ရှိသည်။ ထို့နောက်ယင်းမေးခွန်းနှင့် စီရင်ဆုံးဖြတ်ချက်တို့ ကို မိတ္တူမှန်များ ပြုလုပ်ပြီး အယူခံ အဖွဲ့၏ အတွင်းရေးမှူးထံသို့ ပေးပို့ ရမည်။ ထိုအတွင်းရေးမှူးသည် လက်ခံရရှိသော မိတ္တူမှန်များကို အယူခံရုံးသို့ တင်ပြ၍ တတ်နိုင်သမျှ အမြန်ဆုံး သဘာပတိထံသို့ မူရင်း မေးခွန်းနှင့် စီရင်ဆုံးဖြတ်ချက်ကို ပေးပို့ရမည်။ ထိုစီရင်ဆုံးဖြတ်ချက် များကို အယူခံ အဖွဲ့၏ နောက်ဆုံးစည်းဝေး ရပ်ဆိုင်းခြင်း မပြုမီ သဘာပတိအား နောက်ထပ်ဆုံးဖြတ်ချက် ချနိုင်ရန် ပေးပို့ရမည်။ အထက်ပါ စီရင်ဆုံးဖြတ်ချက်နှင့်တကွ မူလမေးခွန်းနှင့် စီရင် ဆုံးဖြတ်ချက်တို့ကို အယူခံရုံးတွင် မှတ်တမ်းတင်ထားရမည်။ ဥပဒေ ဆိုင်ရာများ အယူခံတိုင်း အဆိုပါအတိုင်း ဆောင်ရွက်ရမည်။
(၃၉) တရားရေး စီရင်ဆောင်ရွက်ချက်များတွင် မှားယွင်းမှု သို့မဟုတ် မခိုင်လုံမှုများရှိ၍ အယူခံလျှင် စဉ်းစားရမည်။
အခန်း(၁၆) နှစ်ပတ်လည် ညီလာခံ မှတ်တမ်းများ
(၄၀) စုံစမ်းရေးနှင့် အမှုစစ်ဆေးရေးဆိုင်ရာ မှတ်တမ်းများသည် သေချာ ပြည့်စုံစေရမည်။ အဆိုပါ မှတ်တမ်းများတွင် ရုံးချိန်စစ်ဆေးချက်များ၊ လက်ရေးတို မှတ်တမ်းများ ရှိပါကလည်း ထိုမှတ်တမ်းတင်ထားချက် အထောက်အထား၊ သက်သေခံ ပစ္စည်းများ စွဲချက်နှင့် စစ်ဆေးချက် များနှင့်အတူ တွေ့ရှိချက် အပြည့်အစုံများ၊ စစ်ဆေးပြီး မှန်ကန် ကြောင်း သဘာပတိနှင့် အတွင်းရေးမှူးတို့က လက်မှတ်ရေးထိုးရမည်။
အဆိုပါရုံး၏ မှတ်တမ်းများကို အသေးစိပ် မှတ်တမ်းတင်ရန် မှတ်တမ်းထိန်းကို ခန့်ထားရမည်။ မှတ်တမ်းအပြည့်အစုံကို သဘာပတိသည် ထိန်းသိမ်းရမည်။
အယူခံ မဝင်သည့် အမှုဖြစ်လျှင် မှတ်တမ်းများ အားလုံးကို နှစ်ပတ်လည် ညီလာခံ အထွေထွေ အတွင်းရေးမှူးထံ အနီးဆုံး နှစ်ပတ်လည် ညီလာခံ နေ့စဉ်မှတ်တမ်း (ဂျာနယ်)တွင် ထည့်သွင်း ဖော်ပြရန် ပေးပို့ရပါမည်။
(၄၁) အကယ်၍ အယူခံသည့် အမှုဖြစ်လျှင် သက်ဆိုင်ရာ အယူခံရုံး၏ သဘာပတိထံသို့ မှတ်တမ်းအပြည့်အစုံကို ပေးပို့ရမည်။
အယူခံရုံး အသုံးပြုပြီးလျှင် နှစ်ပတ်လည် ညီလာခံ အထွေထွေ အတွင်းရေးမှူးထံသို့ နောက်ဆုံးစီရင်ချက်နှင့်တကွ မှတ်တမ်းများ အားလုံးကို အနီးဆုံး နှစ်ပတ်လည် ညီလာခံ နေ့စဉ်မှတ်တမ်း (ဂျာနယ်) တွင် ဖော်ပြရန် ပေးပို့ရမည်။
အခန်း(၁၇) စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း
(၄၂) နှစ်ပတ်လည် ညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့် အဖွဲ့ချုပ် ဖျက်သိမ်းရေး ကော်မရှင်ကို ဖွဲ့စည်းပြီး အဖွဲ့ချုပ်ကို ဖျက်သိမ်းနိုင်သည်။ အဖွဲ့ချုပ် စတင်တည်ထောင်စဥ်က ဦးဆောင်ပါဝင်သော မြန်မာအော်တစ်ဇင် အသင်းနှင့် Future Stars အသင်းတို့၏ သဘောတူညီချက် ရရှိပြီး ဖြစ်ရမည်။
(၄၃) အဖွဲ့ချုပ် ဖျက်သိမ်းရေး ကော်မရှင်ကို အနည်းဆုံး အဖွဲ့ဝင် (၅)ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်။
- မြန်မာအော်တစ်ဇင် အသင်းမှတစ်ဦး
- Future Stars မှ တစ်ဦး
- အဖွဲ့ချုပ် ဘဏ္ဍာထိန်း
- အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး
- အဖွဲ့ချုပ် အကျိုးဆောင်နှင့် ဘဏ္ဍာရေး ကော်မတီ သဘာပတိ
- လိုအပ်ချက်အရ စာရင်းရှင်းလင်းရေး အရာရှိတစ်ဦး (ပြင်ပအဖွဲ့ အစည်း)မှ ခန့်ထားတာဝန်ပေးရမည်။
(၄၄) အဖွဲ့ချုပ် ဖျက်သိမ်းရေး ကော်မရှင်၏ ဆုံးဖြတ်ချက်သည် အတည် ဖြစ်သည်။
၂၀၂၃ ဇွန် (၂၅) ရက် ရန်ကုန်မြို့တွင် ကျင်းပသော မြန်မာနိုင်ငံ ဉာဏ်ရည် မသန်စွမ်းသူများ အဖွဲ့ချုပ်၏ ပထမအကြိမ် ညီလာခံကို တက်ရောက်သူများက အောက်ပါအတိုင်း သဘောတူ လက်မှတ်ရေးထိုးကြပါသည်။
ဦးမိုးဇင် Blossom Project Steering Committee | ဒေါ်စန်းစန်းမြင့် Blossom Project Steering Committee |
ဒေါ်နွယ်နီအေး Blossom Project Steering Committee | ဒေါ်နွယ်နီဝင်း Blossom Project Steering Committee |
ဦးနေမျိုးနိုင် Project Manager | ဒေါက်တာခင်နီလာထွန်း Project Officer |
ဦးနေထွန်း Project Assistant | ဦးကောင်းထက်နိုင် Finance Officer |
ဦးမောင်မောင် (ပဲခူး) Hantharwaddy Stars | ဦးမျိုးသန့်ဇင် (ပဲခူး) Hantharwaddy Stars |
ဒေါ်ခင်မာဦး (ပဲခူး) Hantharwaddy Stars | ဒေါ်ဝါဝါ (ပဲခူး) Hantharwaddy Stars |
ဒေါ်သန္တာအောင် (ပဲခူး) Hantharwaddy Stars | ဒေါ်ခက်ခက်အောင် (ပဲခူး) Hantharwaddy Stars |
ဒေါ်အိမွန်ကျော် (ပဲခူး) Hantharwaddy Stars | ဒေါ်ခိုင်သဇင်ဦး (ပဲခူး) Hantharwaddy Stars |
ဒေါ်အေးအေး (ပဲခူး) Hantharwaddy Stars | ဒေါ်ဝေဝေမင်း (ပဲခူး) Hantharwaddy Stars |
ဦးမြင့်သိန်း (မန္တလေး) Special Olympics Myanmar | ဦးညွန့်စိန် (မန္တလေး) Special Olympics Myanmar |
ဦးလူချော (မန္တလေး) Special Olympics Myanmar) | ဦးအောင်နေလင်း (မန္တလေး) Special Olympics Myanmar |
ဒေါ်အိခိုင်စိုးဝေ (မန္တလေး) Special Olympics Myanmar | ဦးထွန်းထွန်းဦး (မန္တလေး) New Hope Association |
ဒေါ်ခိုင်သက်မွန် (မန္တလေး) New Hope Association | ဦးတင်ဇော်ဦး (မန္တလေး) New Hope Association |
ဒေါ်ယဥ်မျိုးထိုက် (မန္တလေး) New Hope Association | ဒေါ်ဆုမြတ်မွန် (မန္တလေး) New Hope Association |
ဒေါ်မင်းမင်း (တောင်ကြီး) New Heaven Learning Center | ဒေါ်သန်းသန်းနွယ် (တောင်ကြီး) New Heaven Learning Center |
ခွန်ကျော်အန်း (တောင်ကြီး) မေတ္တာအဖွဲ့ | ဒေါ်မျိုးသူဇာထွန်း (တောင်ကြီး) မေတ္တာအဖွဲ့ |
ဒေါ်ကြည်ဌေး (တောင်ကြီး) Morning Stars | ဒေါ်ငြိမ်းငြိမ်းထွေး (တောင်ကြီး) Morning Stars |
ဒေါ်ခင်သန်းမြင့် (တောင်ကြီး) Morning Stars | ဒေါ်သော်တာဝင်း (တောင်ကြီး) Morning Stars |
ဒေါ်နွဲ့ဝင်း (တောင်ကြီး) Morning Stars | နော်လွယ်ထူး (တောင်ကြီး) Morning Stars |
ဒေါ်တင်တင်သန်း (ရန်ကုန်) မြန်မာအော်တင်ဇင်အသင်း | ဒေါ်ဇင်မျိုးသန်း (ရန်ကုန်) မြန်မာအော်တင်ဇင်အသင်း |
ဒေါ်နီနီအောင် (ရန်ကုန်) မြန်မာအော်တင်ဇင်အသင်း | ဒေါ်သဲစုလှိုင်ဝင်းအောင် (ရန်ကုန်) မြန်မာအော်တင်ဇင်အသင်း |
ဒေါ်တင်မာစိုး (ရန်ကုန်) မြန်မာအော်တင်ဇင်အသင်း | ဒေါ်မျိုးပပ (ရန်ကုန်) Special Olympics Myanmar |
ဦးမျိုးသန့် (ရန်ကုန်) Special Olympics Myanmar | ဦးငြိမ်းချမ်း (ရန်ကုန်) Special Olympics Myanmar |
ဒေါ်စောဧကရီထွဋ် (ရန်ကုန်) Special Olympics Myanmar | ဒေါ်သိန်းကြည် (ရန်ကုန်) Future Stars |
ဒေါ်ခင်မာအေး (ရန်ကုန်) Future Stars | ဒေါ်ဆွေ (ရန်ကုန်) Future Stars |
ဒေါ်ရင်ရင်အောင် (ရန်ကုန်) Future Stars | ဒေါ်ဝင်းလဲ့ရည်ဝင်း (ရန်ကုန်) Future Stars |
ဒေါ်မျိုးသန္တာကို (ရန်ကုန်) Little Aces | ဒေါ်ချိုချိုလွင် (ရန်ကုန်) New World |
ဒေါ်သဥ္ဇာညွန့် (ရန်ကုန်) SETLC | ဒေါ်မြမြဌေး (ရန်ကုန်) Living Water |
ဒေါ်စုစုရွှေစင် (ရန်ကုန်) The Light | ဒေါ်မြမဥ္ဇူနှင်းသက် (ရန်ကုန်) Baby Genius |